33 C
Yangon

ရန်ကုန်တွင် စစ်ထောက်လှမ်းရေး အရာရှိကြီးတချို့က အတုအယောင် တော် လှန် ရေး UG အဖွဲ့ ခေါင်းဆောင်များအဖြစ် အသွင် ယူထားဟု သတိပေး၊ သေ ဆုံး သွား သော ဒုဗိုလ်မှူးကြီး သန်းထွဋ် နှင့် အဖွဲ့က UG ခေါင်းဆောင် များ အဖြစ် အသွင်ယူထားသဖြင့် လက် နက် ၃၀ လက် လှူမည်ဟု မျှားခေါ်ခဲ့ရဟုဆို

Must read

ရန်ကုန်တွင် စစ်ထောက်လှမ်းရေး အရာရှိကြီးတချို့က အတုအယောင် တော် လှန် ရေး UG အဖွဲ့ ခေါင်းဆောင်များအဖြစ် အသွင် ယူထားဟု သတိပေး၊ သေ ဆုံး သွား သော ဒုဗိုလ်မှူးကြီး သန်းထွဋ် နှင့် အဖွဲ့က UG ခေါင်းဆောင် များ အဖြစ် အသွင်ယူထားသဖြင့် လက် နက် ၃၀ လက် လှူမည်ဟု မျှားခေါ်ခဲ့ရဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ရန်ကုန်တွင် စစ်ထောက်လှမ်းရေး (စရဖ) အရာရှိကြီးတချို့က တော်လှန်ရေး UG အဖွဲ့ ခေါင်းဆောင်များအဖြစ် အသွင်ယူထားသဖြင့် ရန်ကုန်မှ တော်လှန် ရေးရဲ ဘော်များနှင့် ပြည်သူများ သတိထားကြရန် လိုအပ်ကြောင်း ပြည်သူ့ ကာကွယ် ရေးတပ် ခေါင်းဆောင်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ ရန်ကုန်-မန္တလေး အမြန်လမ်း၊ ၁၆၁ မိုင်တွင် ပစ်ခတ်ခံ ရပြီး သေဆုံးခဲ့သော အမှတ် ၁ စစ် ဘက် ရေးရာလုံခြုံ ရေးအကူတပ် စစ် ကြော ရေး တာဝန်ခံ စရက (၁) တပ်မှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး သန်းထွဋ် နှင့် တပ် ကြပ် ကြီး မြင့်အောင်တို့သည် တော်လှန်ရေး UG အဖွဲ့ ခေါင်းဆောင် များ အဖြစ် အသွင်ယူထားပြီး လက်နက် ၃၀ လက်လှူမည်ဟု မျှားခေါ်ခဲ့ရကြောင်း ၎င်းက ရှင်းပြသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်၌ ရန်ကုန် – မန္တလေး အမြန် လမ်း မိုင်တိုင် ၁၆၁ အနီးတွင် UG တော်လှန် ရေးရဲဘော်များကို အသွင် ယူကာ စုံစမ်းဖမ်းဆီးလျက်ရှိသော ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဒုဗိုလ် မှူးကြီး/ ဗိုလ်မှူး သန်းထွဋ် နှင့် တပ်ကြပ်ကြီးမြင့်အောင်တို့ကို တောင် ငူ ခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၆တို့မှ ပူးပေါင်းအဖွဲ့က အသေ ပစ် ခတ် ရှင်းလင်းခဲ့ဖြစ်သည်။

“ရန်ကုန် UG တွေကို သတိပေးချင်တာက စရဖ အကြီးကောင်တွေက UG အဖွဲ့ အဖြစ် အသွင်ယူထားတဲ့ အတုအယောင် အဖွဲ့တွေမှာ အများဆုံး အဖွဲ့ ခေါင်း ဆောင်တွေအဖြစ် အသွင်ယူ လုပ်နေကြတယ်။ ကျနော်တို့လုပ်ခဲ့တဲ့ မစ်ရှင်က သေ နတ် အလက် ၃၀ လှူမယ်ဆိုပြီး မျှားခေါ်ခဲ့တာ” ဟု တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်က ဆို သည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ဇန်နဝါရီလ ၁၇ ရက်နေ့က ဖော်ပြခဲ့သည့် အမှတ် ၁ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အကူတပ်၏ အသွင်ယူ ဖမ်းဆီးမှု ဆိုင်ရာ အစီရင်ခံစာတွင် စစ်ထောက်လှမ်းရေးမှ အရာရှိနှင့် တပ်ဖွဲ့ ဝင်များက UG များအဖြစ် အယောင်ဆောင်၍ တော်လှန်ရေး ကွန်ရက် များနှင့် ချိတ်ဆက်မှု အခြေအနေများ ပါဝင်ကြောင်း ဖော်ပြထားသည်။

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှ အမှတ် ၁ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အကူ တပ်သည် ရန်ကုန်မြို့ရှိ စစ်အာဏာရှင် ဆန့် ကျင် ရေး UG များ၊ တော်လှန်ရေးအဖွဲ့များကို အသွင်ယူ ခြင်း ဖြင့် လည်းကောင်း၊ ဖမ်းဆီးရမိသော တော်လှန်ရေးရဲဘော်များကို စည်းရုံး ၍ လည်းကောင်း ပုံစံမျိုးစုံ နည်းလမ်း မျိုးစုံ အသုံးပြု ၍ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခဲ့ရာတွင် အဓိက တာဝန်ရှိသည့် တပ်လည်းဖြစ်သည်။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်နှင့် ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် ဦးဂျင်မီတို့ကို ထောက်ချောက်ဆင် ဖမ်းဆီးရာတွင် ဒု ဗိုလ်မှူးကြီး သန်းထွဋ် ပါဝင်ခဲ့ပြီး အမှတ် ၁ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အကူ တပ်က အဓိက လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article