29 C
Yangon

ရန်ကုန်တွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ပသွင်းကုန် အစားထိုး ပြည် တွင်း ထုတ်ကုန် စျေးရောင်းပွဲ လုပ်ရန် စစ်ကောင်စီက ဖိအားပေးပြန်၊ ပွဲမှန် သမျှ စည်ကားစေရန် စက်မှုဇုန်များကို စစ်တပ်က ပစ်မှတ်ထား ခိုင်းစေ

Must read

ရန်ကုန်တွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ပသွင်းကုန် အစားထိုး ပြည် တွင်း ထုတ်ကုန် စျေးရောင်းပွဲ လုပ်ရန် စစ်ကောင်စီက ဖိအားပေးပြန်၊ ပွဲမှန် သမျှ စည်ကားစေရန် စက်မှုဇုန်များကို စစ်တပ်က ပစ်မှတ်ထား ခိုင်းစေ

ရန်ကုန်၊ ဇန်နဝါရီ ၂၀

ရန်ကုန်တွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ပသွင်းကုန် အစားထိုး ပြည်တွင်းထုတ်ကုန်စျေးရောင်းပွဲ လုပ် ရန် ရန်ကုန်တိုင်းစစ်ကောင်စီက လုပ် ငန်း ရှင်များကို ဖိအားပေးလျက်ရှိကြောင်း ပြည်တွင်းလုပ်ငန်းရှင် တချို့ က ပြောသည်။

လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကျရောက်မည့် ၇၆ နှစ်မြောက် ပြည်ထောင်စု နေ့ အထိမ်းအမှတ်အဖြစ် ပြည်ပသွင်းကုန် အစားထိုး ပြည်တွင်းထုတ်ကုန်စျေးရောင်းပွဲ ကျင်းပရန် စက်မှုဇုန်လုပ်ငန်းရှင်များကို ဖိတ်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။

“စီးပွားရေးတွေကလည်း ဘယ်လိုမှ မလည်ပတ်ဘူး။ အားလုံး တုံ့ဆိုင်းနေတာ။ အဲဒါကို ဟန်မပျက်ဇွတ်လုပ်နေသည့် ပွဲများကြောင့် လုပ်ငန်းရှင်အများစု စိတ်ပျက်ကြတယ်။ အဲဒီလိုလုပ်တဲ့ ပွဲတွေက လုံးဝ မရောင်းရဘူး။ စက်မှုဇုန် တွေရော။ ဌာနက Non တွေရော။ ဘယ်သူမှ မလုပ်ချင်ဘူး။ စစ်ကောင်စီဘက်က အတင်းလုပ်ခိုင်းတာ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်း ရင်းမြစ်က ပြောသည်။

၇၆ နှစ်မြောက် ပြည်ထောင်စု အခမ်းအနားတွက် စက်မှုဇုန် တစ်ခုလျှင် ၁၀ ပေ၊ ၅၀ ပေ ပြခန်းတစ်ခု မဖြစ်မနေ ခင်းကျင်းပြသရမည်ဟု စစ်ကောင်စီဘက်က ဖိအားပေးလာကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ပျော်ပွဲရွှင်ပွဲများနှင့်ပွဲလမ်းသဘင်များတွင် ပြည်သူအများစု မပါဝင်သဖြင့် မစည်ကားကြောင်း၊ ထို့ကြောင့် စစ်တပ်၏ ပွဲလမ်းသဘင်မှန်သမျှကို စက်မှုဇုန်များမှ အလုပ်သမားများနှင့် လုပ်ငန်းရှင်များကို မဖြစ်မနေ တက်ရောက်ခိုင်းပြီး ဇတ်စည်ကားစေရန် လုပ်ဆောင်နေသည်ဟု စက်မှု ဇုန်လုပ်ငန်းရှင်တချို့က ဆိုသည်။

“လွတ်လပ်ရေးနေ့တုန်းကလည်း ညဘက် ပျော်ပွဲ ရွှင်ပွဲ စတိတ်ရှိုးဆိုပြီး မဖြစ်မနေဆိုပြီး စက်မှုဇုန်တစ်ခုကို လူ ၅၀ ပေးရတယ်။ ဘာပွဲလုပ်လုပ် စက်မှုဇုန်က လူတွေကို မဖြစ်မနေ မပျက်မကွက် လာရမယ်ဆိုပြီး ဇွတ်ကို ဖိအားပေးတယ်။ သူတို့လုပ်တဲ့ဇတ်ပွဲ တောင် လူစည်ကားအောင် စက်မှုဇုန်တွေကို လာကြည့်ခိုင်းတယ်” ဟု လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ စစ်ကောင်စီက ရန်ကုန်အမျိုးသားကဇတ်ရုံတွင် ပြုလုပ်သည့် “အသက်ထက် မြတ်သော ဂုဏ်သိက္ခာ” အမည်ရ စစ်တပ်အလိုကျ ဇတ်ထုပ် ပြဇတ်ပွဲသို့ စက်မှုဇုန်များမှ တစ်ဇုန် ၅ ဦးကျဖြင့် လာရောက် ကြည့်ရှုန် အမိန့်ထုတ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article