28 C
Yangon

ရန်ကုန်မြို့လယ်​ခေါင်တွင် စစ်တပ် အာဏာသိမ်းမှု ၂ နှစ်ပြည့် ကြိုဆိုပွဲ မိုက်ကယ်ကျော်မြင့် ဦး​ဆောင် ချီတက်မည်ဟုဆို

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ရန်ကုန်မြို့လယ်​ခေါင်တွင် စစ်ကောင်စီ အာဏာသိမ်းမှု ၂ နှစ်ပြည့်ကြိုဆိုပွဲကို အစွန်း​ရောက် မိုက်ကယ်ကျော်မြင့်နှင့်အဖွဲ့က လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲကို ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံရှေ့ နေ့လယ် ၁၂ နာရီအချိန်တွင် စုဝေးကာ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံဘေး၊ ကားပါကင်နေရာအထိ စီတန်းလှည့်လည်ကာ ယင်းနေရာ၌ မိုက်ကယ်ကျော် မြင့်၊ မင်းသားကြီး(ခ)အောင်ဆန်းဦး၊ မိုးမိုးခိုင်တို့က ဟောမည်ဖြစ်ကြောင်း သိရသည်။

“အဲဒီပွဲကို လုံခြုံရေးယူပေးဖို့ စစ်တပ်နဲ့ ရဲက စီစဉ်ထားသလို အခု မိုက်ကယ်ကျော်မြင့်တို့ကလည်း လူစု နေကြတယ်၊ တပ်ဘက်ကလည်း ငွေချပေးတယ်လို့ သိရတယ်၊ ရေဗူး၊ ထမင်းဗူးကအစ အသွားအပြန် ကြို/ပို့အတွက် ကားတွေ ငှားတာ အဆုံး နေ့စားခပါ ပေးမယ်လို့လည်း သိရပါတယ်” ဟု ယင်းပွဲစီစဉ်သူ တချို့နှင့် နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article