30 C
Yangon

ရန်ကုန်၊ သာကေတတွင် ဗုံးပေါက်ကွဲပြီး မန္တလေး၊ ပြည်ကြီးတံခွန်ရဲစခန်းလည်း ဗုံးပစ်တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ သာကေတတွင် ဗုံးပေါက်ကွဲပြီး မန္တလေး၊ ပြည်ကြီးတံခွန်ရဲစခန်းလည်း ဗုံးပစ်တိုက်ခိုက်ခံရ

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ယနေ့ နံနက်ပိုင်း လက်လုပ်ဗုံးများတွေ့ရှိရသဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်က ဖောက်ခွဲ လိုက်ကြောင်း သာကေမြို့နယ်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၉ နာရိ ၂၇ မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက သာကေတမြို့နယ်၊ ၆ အနောက် ဝေဇယန္တာ အနောက် ၁၂ လမ်းတွင် ဗုံးတွေ့ရှိသည်ဟုဆိုကာ ဖောက်ဖွဲလိုက်ခြင်းဖြစ်ကြောင်း၊ အနည်း ဆုံး စစ်ကား ၄ စီး စစ်အင်အား အပြည့်ဖြင့် ရပ်ကွက်များကို ပိတ်ဆို့ ဖောက်ခွဲခြင်းဖြစ်ကြောင်း သာကေတမြို့နယ် ပြည်သူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းနှင့် ၁၁၅ လမ်း x ၁၁၆ လမ်းကြားရှိ အဆင့်မြင့်ရဲစခန်းကို ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ ညပိုင်းက ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း ACID Army PDF –MDY ထံမှ သိရသည်။

အဆိုပါရဲစခန်းသည် ဗုံးပစ်တိုက်ခိုက်ခံရခြင်းမှ ကာကွယ်နိုင်ရန် ရဲစခန်းပတ်ပတ် လည်၌ ဘယ်ရီရာများ ချကာ သံဆူးကြိုးများကာရံထားကြောင်း၊ ယင်းဂိတ်တွင် ပြည်သူလူထုအပေါ် ဖမ်းဆီးခြင်း၊ မတရားငွေကြေးတောင်းခံခြင်းတို့လုပ်ဆောင်လျက်ရှိသဖြင့် လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်ခဲ့သော် လည်း ပြည်သူ့ကာကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်း ဖက်တပ်သား နှစ်ဦး ထိခိုက်သေဆုံးနိုင်သော်လည်း အတိအကျမသိရသေးကြောင်း ACID Army PDF Mandalay က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article