26 C
Yangon

ရေစကြိုတွင် တပ်စွဲထားသော စစ်တပ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး

Must read

ရေစကြိုတွင် တပ်စွဲထားသော စစ်တပ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁

မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် ၁ ရပ်ကွက်၊ ကပ်ကျော် ကျောင်းတိုက်တွင် တပ်စွဲထားသော PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်လိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger (MBT)မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရေစကြိုမြို့၊ အမှတ် ၁ ရပ်ကွက်၊ ကပ်ကျော် ကျောင်းတိုက်တွင် PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာနေချိန် ရေစကြိုမြို့ပေါ်ရှိ စစ်တပ် တပ်စခန်းများမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ကူပေးခဲ့သောကြောင့် စစ်တပ်၏ လက်နက်ကြီးများ ပြည်သူပိုင် နေအိမ်များပေါ် ကျရောက်ခဲ့ပြီး ပြည်သူ အမျိုးသမီး၂ ဦးသေဆုံးခဲ့ကာ အမျိုးသား ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)နှင့်အတူ ညီနောင်မဟာမိတ်ဖြစ်ကြသော URBAN UNDERGROUND REVOLUTION FORCE(UURF-YSO)၊ Black Wolf PDF MDY၊ ခွပ်ဒေါင်းနီ တပ်ဖွဲ့၊Myingyan-35 ၊ VOMDY-Front Warrior ၊ဒေါင်းညီနောင် တပ်ဖွဲ့သည့် ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article