35 C
Yangon

ရေစကြိုမြို့နယ်တွင် ကင်းပုန်းဝပ်စစ်သားနှင့် စစ်ကူစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ မြိုင်တွင်လည်း စစ်သား ၈ ဦးသေဆုံး

Must read

ရေစကြိုမြို့နယ်တွင် ကင်းပုန်းဝပ်စစ်သားနှင့် စစ်ကူစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ မြိုင်တွင်လည်း စစ်သား ၈ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ကင်းပုန်းဝပ်စစ်သားများနှင့် စစ်ကူလာသော စစ်ကြောင်းကို ဒရုန်းဖြင့် အီနာဂါဗုံးသီးကြဲချတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ဇန်နဝါရီလ ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်၌ ရေစကြိုမြို့ နယ်၊ ကံသစ်ကျေးရွာ တောင် ဘက်တောထဲ တွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သား ၁၂ ဦးခန့်ကို အီနာဂါဗုံးသီး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့ ကြောင်း၊ ညနေ ၃ နာရီခန့်တွင်လည်း စစ်ကူလာသည့် စစ်ခွေးများကို ထပ်မံပြီး အီနာဂါ ဗုံးသီး တစ်လုံးကို ဒရုန်းဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားထိခိုက်သေ ဆုံးမှုရှိနိုင်ပြီး အတိအကျမသိရသေး ကြောင်း၊ အကြမ်းဖက်စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ သော် လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရေစက်စောင့် အကြမ်းဖက် စစ်သားများကို ဝိုင်းဝန်းပစ်ခတ်တိုက် ခိုက်ခဲ့ရာအကြမ်းဖက်စစ်သား ၈ ဦးသေ ဆုံးခဲ့ကြောင်း ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့မှ တာ ဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့လည် ၁ နာရီခန့်က မြိုင်မြို့အနီးရှိ အကြမ်းဖက်စစ်တပ် လက်နက် ပစ္စည်းထုတ် လုပ်နေသည့် အမှတ်(၂) စက်မှုသို့ ရေပေးဝေနေသည့် ရေစက်ကို စောင့်ပေးနေသော အင်အား ၁၃ ဦးရှိ စစ်သားများပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြင်းအထန်ဒဏ်ရာ ရရှိပြီး မြိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ခွေး ၈ ကောင်သေတယ်၊ ဖြစ်စက ရွာနားကို ဘယ်သူမှ ကပ်မရတော့ ဘာသတင်းမှ မရကြဖူး၊ အခုမှ သိလာရတာက မြိုင်ဆေးရုံမှာ ၂၁ ရက်နေ့က ၆ ယောက်သေတယ်၊ မနေ့က(ဇန်နဝါရီလ ၂၃ ရက်) ၂ ယောက်ထပ်သေတယ်လို့ အတိအကျသတင်းရတယ်၊ စစ်ခွေးတွေက ၂၀ ရက်နေ့ကစပြီး ကိုင်းတောမ ရွာတဝိုက် လည်း မွှေနေတယ်၊ ပြန်တိုက်နိုင်ဖို့ ကျည်ဖိုးလေးတွေ ကူညီပေးပါ လို့ မိဘပြည်သူတွေကို မေတ္တာရပ်ခံချင်ပါတယ်” ဟု ပြည်သူ့အားမာန် ကာကွယ် ရေးတပ်ဖွဲ့မှ တာ ဝန်ရှိ သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။

ယင်းနေ့က တိုက်ပွဲတွင် ကိုင်းတောမရဲစခန်းအတွင်းရှိ အကြမ်းဖက်စစ်သား ၊ များမှ ၄၀ မမ လက်နက် ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူအမျိုးသမီး တစ်ဦး သေဆုံး ခဲ့ကြောင်း၊ ယခုအခါကိုင်းတောမရဲစခန်းတွင် အင်အား ၁၀၀ ခန့်ထပ် တိုးပြီး ဒေသခံပြည်သူများကို ဖမ်းဆီး၊နှိပ်စက် စစ်ဆေးမေးမြန်းနေကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့အားမာန်တပ်ဖွဲ့၊ MUGDF တပ်ဖွဲ့၊ ဗိုလ်မိုးကြိုး (GOBA)တပ်ဖွဲ့၊ သရက်ကန် PDF တပ်ဖွဲ့၊ PPDF တပ်ဖွဲ့၊ နွေဦးညီနောင်တပ်ဖွဲ့၊ Young Force တပ်ရင်း၊ တပ်ရင်း ၇၀၃ ၊ ကျားသစ် နက်တပ်ခွဲ ၃ ၊ ဇာမဏီ တပ်ဖွဲ့၊ မုန်တိုင်းတပ်ဖွဲ့၊ KMDF ၊ Bo Kan မဟာမိတ်အဖွဲ့များ ပူးပေါင်း ကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ တပ်ရင်းတစ်ခု ၏ ဆိုင်းဘုတ် အဝင်အ၀။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article