38 C
Yangon

ရေဖြူတွင် စစ်ကောင်စီသတင်းပေးနှင့်ပျူစောထီးဟု စွပ်စွဲခံရသူ အေးဟန်၊ ခမရ ၄၁၀ တပ်ဝင်းအတွင်း နေထိုင်သော စစ်တပ်ပိုင် မြ၀တီ သတင်းစာနှင့် MRTV-4 သတင်းထောက်တို့ ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရေဖြူတွင် စစ်ကောင်စီသတင်းပေးနှင့်ပျူစောထီးဟု စွပ်စွဲခံရသူ အေးဟန်၊ ခမရ ၄၁၀ တပ်ဝင်းအတွင်း နေထိုင်သော စစ်တပ်ပိုင် မြ၀တီ သတင်းစာနှင့် MRTV-4 သတင်းထောက်တို့ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီလ ၂၅

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ကံပေါက်ဒေသ၊ ဇာဒီကျေး ရွာ တွင် စစ်ကောင်စီ သတင်းပေးပျူစောထီးဟု စွပ်စွဲခံရသူ အေးဟန်ကို ပစ် ခတ် ခံ ရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် အေးဟန်ကို ၎င်း၏ အိမ်ခြံ ဝင်းအတွင်းတွင် သေနတ်ဖြင့် ၄ ချက် ပစ်ခတ်ခံရပြီး သေဆုံး သွားခြင်း ဖြစ် ကြောင်း ၊ အေးဟန်သည် စစ်ကောင်စီသတင်းနှင့် ပျူစောထီး ဟုသတ်မှတ် ခံထားရသူဖြစ်ကြောင်း သိရှိရသည်။

“သူ့ကို သေနတ် ကျည် ၄ ချက်နဲ့ ပစ်သတ်သွားတာပါ။ ပထမတစ်ချက် ပစ် တော့ ပြေးတယ် ။နောက်ကထပ်ပြီးလိုက်ပစ်တယ် ထိတော့ မပြေးနိုင်တော့ဘူး။ သူ့ကို ဖမ်းမိတော့ ပါးစပ် ပေါက်ထဲကို တစ်ချက်ပစ်ထည့်ခဲ့တယ်။သူဟာ စစ် ကောင်စီတပ် တွေကိုသတင်းပေးတာတွေလုပ်တယ်။ ရွာမှာက သူက ပျူစော ထီး ခေါင်းဆောင်ပေါ့။သူ့မှာပျူစောထီး တပည့်တွေလည်းအများကြီးရှိတယ်။ သူက မူးယစ်ဆေးဝါးတွေကိုလည်း စစ်တပ်နဲ့ ပေါင်းပြီးရောင်း ဝယ်ပြုလုပ် နေတာတွေရှိတယ်။ သူ့ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း သတင်း ပေးဆက်မလုပ်ဖို့ အ ကြိမ်ကြိမ် သတိပေးထားတယ်။ သူက မလိုက်နာလို့ အသတ်ခံရတယ်လို့ သိရတယ်”ဟု ဇာဒီကျေးရွာ ဒေသခံတစ်ဦးကပြောပါသည်။

ထို့ပြင် ဇာဒီကျေရွာအုပ်ချုပ်ရေးမှူးကို လည်း သေနတ်သမား ၆ ဦးက လာ ရောက် ရှာဖွေသော်လည်း မတွေ့သဖြင့် နေအိမ်ကိုလည်း သေနတ် ကျည် သုံး ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း၊ ဇာဒီကျေးရွာသို့ ကံပေါက်ဘက်မှ စစ်ကောင်စီ တပ် သားများ ရောက်ရှိလာပြီး စစ်ဆေးမှုများ တင်းကျပ်စွာပြုလုပ်နေကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ မြ၀တီသတင်းစာ နှင့် MRTV -4 သတင်းဌာန၏ သတင်းထောက် လင်းလင်း ထွန်း ကို ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ည ၃ နာရီတိတိအချိန် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း Spring Dhamma PDF(KLA)က ထုတ်ပြန်ထား သည်။

MRTV – 4 သတင်းထောက်လင်းလင်းထွန်းသည် ကလိန်အောင်မြို့၊ အမှတ် (၃) ရပ်ကွက်ရှိ ခမရ ၄၁၀ တပ်ဝန်းအတွင်း မိသားစုနှင့်အတူ နေထိုင်ကာ စစ် တပ် အာဏာ မသိမ်းခင် ကတည်းက မြဝတီသတင်း စာတိုက်တွင် သတင်း ထောက်အဖြစ်လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ် ကောင်စီမှ ပြုလုပ်သည့် အခမ်းအနားပွဲများ အကြောင်းကို သတင်းရေး သားကာ မြဝတီသတင်းစာတိုက် သို့ပေးပို့နေသူဖြစ်ကြောင်း၊ ၎င်းသည် မြဝတီသတင်းစာတွင် ကုတ်နံပါတ် ၄၁၂ ဖြင့် သတင်းများရေးသား နေသူ ဖြစ် ကြောင်း သိရှိရသည်။

ပစ်ခတ်မှုကို ကလိန်အောက်အခြေစိုက်(Spring Dhamma PDF KLA) ပြည် သူ့ ကာကွယ် ရေး တပ်ဖွဲ့နှင့် ထားဝယ် ခရိုင် ပြည်သူ့ ကာကွယ် ရေး တပ်ဦး (DDPDF) တပ်ဖွဲ့တို့ပူးပေါင်းကာ ပစ်ခတ်ရှင်း လင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article