30 C
Yangon

ရေဖြူမြို့နယ်၊ နဘုလယ် ပျူစောထီးခေါင်းဆောင် စိုးသိန်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရေဖြူမြို့နယ်၊ နဘုလယ် ပျူစောထီးခေါင်းဆောင် စိုးသိန်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၁

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ပျူစောထီးခေါင်းဆောင် စိုးသိန်း ကျည် ၃ ချက်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၁ ရက် ညနေ ၃ နာရီခွဲခန့်က နဘုလယ်ဒေသ လဲရှောင်ရွာတွင်နေထိုင်သူ သေနတ် ကိုင်ဆောင်ခွင့်ရ ပျူစောထီးခေါင်းဆောင် စိုးသိန်းကို ဘော်ခုံကျေးရွာ၌ ရှိနေစဉ် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေး မြန်းကာ ဦးခေါင်းကို သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ရာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ခါတိုင်းဆိုရင် သေနတ်အမြဲပါနေကျမို့ ဖမ်းတဲ့အချိန်မတွေ့တာနဲ့ မေးသေးတယ်၊ ပြန်လာခါနီးမှ ပစ် သတ်ခဲ့လိုက်တာ၊ အကြိမ် ကြိမ် သတိပေးပေမယ့် လိုက်နာခြင်းမရှိလို့ ရှင်းလင်းခဲ့လိုက်တော့တာ၊ အလောင်းကို ညနေပိုင်းကျ သူ့အိမ်က လာယူသွားတယ်” ဟု တနင်္သာရီပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံကပြောကြားသည်။

ပျူစောထီးခေါင်းဆောင်စိုးသိန်းသည် စစ်ကောင်စီ အလိုကျ လုပ်ဆောင်နေသူတစ်ဦးဖြစ်ပြီး ကျေးရွာအ တွင်းသို့ စစ်ဘေးရှောင်လာသူ CDM ဝန်ထမ်းများ၊ စစ်ဘေးရှောင်ပြည်သူများကို အကြမ်းဖက်စစ်ကောင် စီ ထံတိုင်တန်းကာ ဖမ်းဆီးခြင်းစသည့် ပြစ်မှုကျူးလွန်ထားသူဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article