28 C
Yangon

ရေဦးတွင် စစ်ကောင်စီ တပ်သားများကို PDF တပ်ဖွဲ့က ၂ ရက်ဆက်တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ ရေစကြိုတွင် စစ်တပ် ကင်းပုန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်

Must read

ရေဦးတွင် စစ်ကောင်စီ တပ်သားများကို PDF တပ်ဖွဲ့က ၂ ရက်ဆက်တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ ရေစကြိုတွင် စစ်တပ် ကင်းပုန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်သားများကို PDF တပ်ဖွဲ့က ၂ ရက်ဆက် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးကြောင်း HERO ARMY -KHIN-U အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ရေဦးမြို့နယ် ကြာဖူးအဝိုင်းအနီး၌ ဆိုင်းဘုတ်တင် အခမ်းအနားပြုလုပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၈ နာရီ ၂၁ မိနစ်ခန့်တွင်လည်း ရေဦးမြို့နယ် ကြာဖူးအဝိုင်း၏ တောင်ဘက် ရထားသံလမ်းဘက်သို့ ဆင်းလာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၄ ဦးသေဆုံးခဲ့ကြောင်း HERO ARMY -KHIN-U က ထုတ်ပြန်ထားသည်။

ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းကို PDF တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပကဖ အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်နှင့် ၃ နာရီခန့် တို့တွင် ရေစကြိုမြို့နယ်၊ ကြီးကန်ကျေးရွာတွင် ကင်းပုန်း ဝပ်နေသော အင်အား ၁၅ ဦးပါ အကြမ်းဖက် စစ်တပ်မှ စစ်သားများကို ရေစကြို ပကဖ အဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့- ရေစကြိုမြို့နယ် (ပ.က.ဖ) ရဲဘော်များမှ ပြုလုပ်ခဲ့​​ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း ရေစကြို ပကဖ က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article