37 C
Yangon

ရေဦးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းထိုးခဲ့သော နေရာများကို PDF များက မိုင်းရှင်းလင်းရေး လုပ်ဆောင်

Must read

ရေဦးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းထိုးခဲ့သော နေရာများကို PDF များက မိုင်းရှင်းလင်းရေး လုပ်ဆောင်

ရန်ကုန်၊ ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ စစ်ကြောင်း ထိုးဝင်ရောက်သွားသည့် နေရာများကို PDF တပ်ဖွဲ့က မိုင်းရှင်း လင်းရေး လုပ်ဆောင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ပြည်သူများထိခိုက်သေဆုံးစေရန် ရည်ရွယ်၍ အကြမ်းဖက်စ်စစ်တပ်က ၎င်းတို့ စစ်ကြောင်းထိုးသည့်နေရာများတွင် နင်းမိုင်းများထောင်ထားခဲ့မှုများရှိသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ရွှေဘိုခရိုင် တပ်ရင်း ၁၄ ရဲဘော်များက ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ရှင်းလင်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်သည် တော်လှန်ရေးအင်အားစုများကို ထိန်းချုပ်ရန် ဖြတ် လေး ဖြတ်စနစ်ကို ဆက်လက်ကျင့်သုံးနေပြီး ၎င်းတို့စစ်ကြောင်း ထိုးဝင် ရောက်ရာ ဒေသများရှိ ဘာသာရေး အဆောက်အဦများ အပါအဝင် ပြည်သူ ပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လူသတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ပြည်သူ ပိုင်ပစ္စည်း များခိုးယူခြင်း၊ တိရိစ္ဆာန်များ ခိုးယူသတ်ဖြတ် စားသောက် ခြင်း တို့ လုပ်ဆောင်နေသည့် သူခိုးဓားပြသာ သာအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုထားသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တွင် ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာရှိ နှစ်ပေါင်း ၁၂၉ နှစ်သက် တမ်းရှိ မယ် တော်သခင်မဘုရားကျောင်းအပါအဝင် ပြည်သူပိုင်နေအိမ်များကို ၄ ကြိမ်မြောက်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း NUG ကာ ကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article