35 C
Yangon

ရေဦးမြို့နယ်၊ ချမ်းသာရွာရှိ နှစ်ပေါင်းတစ်ရာကျော် ခရစ်ယာန် ဘုရားကျောင်း၊ ဗုဒ္ဓဘာသာ ဗိမာန်တော်ကြီး အပါ အဝင် အိမ်ခြေ ၆၀၀ ကျော်ကို စစ်တပ်က မီး ရှို့၊ ရွာပေါင်း ၁၅ ရွာမှ ပြည်သူ တစ်သောင်းကျော် ထွက်ပြေးနေရ

Must read

ရေဦးမြို့နယ်၊ ချမ်းသာရွာရှိ နှစ်ပေါင်းတစ်ရာကျော် ခရစ်ယာန် ဘုရားကျောင်း၊ ဗုဒ္ဓဘာသာ ဗိမာန်တော်ကြီး အပါ အဝင် အိမ်ခြေ ၆၀၀ ကျော်ကို စစ်တပ်က မီး ရှို့၊ ရွာပေါင်း ၁၅ ရွာမှ ပြည်သူ တစ်သောင်းကျော် ထွက်ပြေးနေရ

ရန်ကုန်၊ ဇန်နဝါရီ ၁၅

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာရှိ နှစ်ပေါင်း ၁၀၀ ကျော် သက် တမ်း ရှိ ခရစ်ယာန် ဘုရားကျောင်း၊ ဗုဒ္ဓဘာသာ ဗိမာန်တော်ကြီး အပါအဝင် အိမ်ခြေ ၆၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသပြည်သူများက ပြောသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ နှင့် ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် စစ်တပ်က ချမ်း သာကျေးရွာကို ၄ ကြိမ်မြောက် မီးရှို့ဖျက်ဆီးခြင်း ဖြစ်ပြီး နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ခရစ်ယန် ဘုရားရှိခိုးကျောင်း၊ ဗုဒ္ဓဘာသာ ဗိမာန်တော်ကြီး ကို မီးရှို့ ဖျက်ဆီးသွားသဖြင့် ပြာကျပျက်စီးသွားကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ဒီမနက် ဘုရားကျောင်း အပါအဝင် အားလုံးမီးရှို့ဖျက်စီးသွားပါပြီ။ ၄ ကြိမ်မြောက် မီးရှို့ချင်တာပါ။ မနှစ် ဇူလိုင်လ ၆ ရက်နေ့မှာ ပထမအကြိမ်၊ ဇူလိုင်လ ၇ ရက်နေ့မှာ ဒုတိယအကြိမ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ တတိယအကြိမ်၊ မနေ့နဲ့ဒီနေ့က ၄ ကြိမ်မြောက် မီးရှို့တယ်။ စုစုပေါင်း လေးကြိမ်းမီးရှို့တာ ရွာလုံးကျွတ်ကုန်ပါပြီ။ အိမ်ခြေပေါင်း ၆၀၀ ကျော် ပျက်စီးပါတယ်။ ပြည်သူတွေအထိခိုက်မရှိပါဘူး။ ရွာပေါင်း ၁၅ ရွာမှ ပြည်သူ တစ်သောင်းကျော် တိမ်းရှောင်နေရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်ထံသို့ ပြောဆိုသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article