36 C
Yangon

ရေးမြို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ ရေနံချောင်းတွင် ဆက်ကြေးကောက်ပြန်လာသော ဒုရဲအုပ်နှင့်အဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်

Must read

ရေးမြို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ ရေနံချောင်းတွင် ဆက်ကြေးကောက်ပြန်လာသော ဒုရဲအုပ်နှင့်အဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂၅

မွန်ပြည်နယ်၊ ရေးမြို့တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ရေးမြို့နယ် နှင်းစုံနှင့် စံပြ ကျေးရွာအကြားတွင် စစ်တပ်နှင့် တောကျားရိုင်းအဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တာက စစ်ကောင်စီဘက်က ၃ ဦး ကျပြီး ၃ ဦးဒဏ်ရာရတယ်။ စစ် ကား ၃ စီး ဆင်းလာတာကို ကျားရိုင်းအဖွဲ့က ထပ်တိုက်တယ်။ ၁ စီးမှန် ကွဲသွား တယ်။ စစ်ကောင်စီဘက်က ဒဏ်ရာရသူ ၃ ဦးနဲ့ ကျဆုံးသူ ၃ ဦးကို နှင်းစုံ တံ တား ကြီး မှာ ပြန်သယ်သွားတယ်။ တောကျားရိုင်းအဖွဲ့က ထိခိုက်ဒဏ်ရာသူ မရှိဘူးလို့ သိရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်း၊ ရေနံချောင်းမြို့၊ ယာပြင်စစ်ဆေးရေးဂိတ်မှ ယာဉ်အမှတ် 3J-2711 ဖြင့် ပြန် လာ သော ရေနံချာင်းမြို့နယ်။ လက်မှတ်ကုန်းနယ်မြေရဲစခန်း မှ ရဲအုပ်ကို တွင်းကုန်း နယ်မြေ နှင့် လက်မှတ်ကုန်းနယ်မြေကြားတွင် People’s Defense Force Yenangyaung ၊ Hunter Dragon Group ၊ ဖေကံကောင်းအဖွဲ့၊ Chauk Guerrilla Force ညီနောင်များ က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရ သည်။

မိုင်းဆွဲခံရသော ရဲအုပ်မှာ ကျေးရွာများကို ငွေညစ် ဆက်ကြေး တောင်းခြင်း၊ လောင်း ကစားဝိုင်းများပြုလုပ်ခြင်း၊ အမှုပွဲစားလုပ်ခြင်း စသဖြင့် ပြည်သူ လူထု အပေါ်တွင်အနိုင်ကျင့်များ ပြုလုပ်နေသော ကြောင့် ရေနံချောင်း ပြည်သူ့ ကာ ကွယ်ရေးတပ်က မိုင်းဆွဲခဲ့ခြင်းဖြစ်ပြီး ရဲအုပ် စီးနင်းလာသော ကားဘော်ဒီထိမှန် ထိုးရပ်သွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကရင်ပြည်နယ်၊ တောင်ပိုင်းတိုင်းစစ်ဒေသတွင် ယခုရက်ပိုင်း သင်တန်း ပွဲ အတွင်း စစ်ရေးပြနေသော ကျားသစ်နက်စစ်ကြောင်း မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article