30 C
Yangon

ရေးမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူများနှင့် တော်လှန်ရေး ရဲဘော်များကို ထောက်လှမ်းနေသည့် ဗိုလ်ကြီး ညီညီကို YGF က ပစ်ခတ်ရာမှ ပွဲချင်းပြီး သေဆုံး

Must read

ရေးမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူများနှင့် တော်လှန်ရေး ရဲဘော်များကို ထောက်လှမ်းနေသည့် ဗိုလ်ကြီး ညီညီကို YGF က ပစ်ခတ်ရာမှ ပွဲချင်းပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၉

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များကို ထောက်လှမ်း ဒုက္ခပေးနေသည့် ဗိုလ်ကြီး ညီညီ ကို YGF က ပစ်ခတ်ရာမှ ပွဲချင်းပြီး သေဆုံးသွားကြောင်း ရေးပျောက်ကျား တပ်ဖွဲ့-YGF မှ ဗိုလ်ကျန်ရစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။

ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၆ နာရီ ၂၅ မိနစ်အချိန် လမိုင်းမြို့ လက်ဝှေ့ရုံ အနီးတွင် ရေးမြို့နယ် အထူးထောက်လှမ်းရေး ဗိုလ်ကြီး ညီညီကို ရေးပျောက် ကျား တပ်ဖွဲ့ -YGF က ရှင်းလင်းရာမှ ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း၊ ယင်းပစ် ခတ်မှုတွင် ပစ်ကွင်းမလွတ်သဖြင့် အခြားလူ ၁ ဦးလည်း မတော်တဆ ကျည်ဆန် ထိမှန် မှုရှိကြောင်း သိရှိရသည်။

“သူက အဓိကမိန်းပဲ့ပေါ့ ။ ရေးမြို့နယ် အထူးထောက်လှမ်းရေးဗိုလ်ကြီးညီညီ။ သူ့ကို ကျနော်တို့လိုက်နေတာ တစ်ပတ်ရှိပြီ။ သူ့ မှာ ဘော်ဒီဂတ်ကများတယ်။ အခုက အမြန်လုပ်ရတာဆိုတော့ ပြည်သူတစ်ဦးလည်း ထိသွားတယ်။ ကျည် ဆန် က ဗိုလ်ကြီး ညီညီ ခေါင်းကိုပေါက်ပြီး အခြားပြည်သူ ၁ ဦးကို ထိတာ။ ပတ်ပတ်လည် သူ့လူကများနေတော့။ လမ်းမှာပစ်တာ။ သူက ရေးမြို့နယ်ရဲ့ ထောက်လှမ်းရေး စစ်ဘက်ကော ရဲဘက်ကော တာဝန်ယူထားရတယ်။ ရေးမြို့ မှာ ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေကို သူဒုက္ခပေးနေတာ” ဟု ဗိုလ်ကျန်ရစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထောက်လှမ်းရေးဗိုလ်ကြီး ညီညီကို ရှင်းလင်းစဉ် မတော်တဆ ကျည်ထိမှန် သော ပြည်သူ အမျိုးသမီး ၁ ဦးမှာ လတ်တလော ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရပြီး ရေးပျောက်ကျားတပ်ဖွဲ့-YGF အနေဖြင့် အလွန်စိတ်မကောင်း ဖြစ်ရကြောင်း ဗိုလ်ကျန်ရစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article