33 C
Yangon

ရေးမြို့နယ်တွင် ဆိုင်ကယ်ဖြင့်ထွက်လာသော အမှတ် ၃၁၇ အမြောက်တပ်မှ စစ်သားများကို YGF က တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၃ လက်ရရှိ၊ တိုက်ခိုက်မှု ဗီဒီယိုကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ကြည့်ရှုနိုင်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၀

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ဆိုင်ကယ်ဖြင့်ထွက်လာသော အမှတ် ၃၁၇ အ မြောက် တပ်မှ စစ်သားများကို YGF က တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၃ လက်ရရှိကြောင်း YGF မှ ဗိုလ်ကျန်ရစ်က ၎င်း၏ လူမှုကွန်ရက် မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၂၀ရက် နံနက်ပိုင်းက တိုက်ခိုက် မှု မှတ်တမ်း ဗီဒီယိုကို ဗိုလ်ကျန်ရစ် က လူမှုကွန် ရက်မှတဆင့် သတင်းထုတ်ပြန်ရာတွင် ” အမတ ၃၁၇ ၅ကောင် သေ၊၃ လက်စားလိုက်ပြီ”ဟု ရေးသားထားပြီး စစ်ကောင်စီထံမှ ရရှိသော လက်နက်များ၏ ဓာတ်ပုံများကို ပါ ထုတ်ပြန်ထားသည်။

YGF က တိုက်ခိုက်မှု ဗီဒီယိုကိုလည်း ထုတ်ပြန်ထားပြီး အဆိုပါ ဗီဒီယိုကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ် https://t.me/khitthitnews/92659 တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article