29 C
Yangon

ရေးမြို့နယ်တွင် နယ်ထိန်းရဲ ဟိန်းသူရ ၊ စဉ့်ကူးမြို့နယ်တွင် ရဲအုပ် သိန်းတန်တို့ ပစ်ခတ်ခံရပြီးသေဆုံး၊ မုံရွာတွင် စည်ပင် ဒုဦးစီးမှူး မိုးဇော် ဖမ်းဆီးခံရ

Must read

ရေးမြို့နယ်တွင် နယ်ထိန်းရဲ ဟိန်းသူရ ၊ စဉ့်ကူးမြို့နယ်တွင် ရဲအုပ် သိန်းတန်တို့ ပစ်ခတ်ခံရပြီးသေဆုံး၊ မုံရွာတွင် စည်ပင် ဒုဦးစီးမှူး မိုးဇော် ဖမ်းဆီးခံရ

ရန်ကုန်၊ ဇန်နဝါရီ ၂၁

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် နယ်ထိန်းရဲ ဟိန်းသူရ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီ ၂၁ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန် ရေးမြို့၊ အဏ္ဏဝါနန္ဒာ ၂ ရပ်ကွက် အပိုင် နယ် ထိန်း ရဲ ဟိန်းသူရကို နန္ဒာလမ်းမကြီးတွင် ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“နာမည်က ဟိန်းသူရ နယ်ထိန်းပေါ့။ ၁၆ တောင့်ပစ်လိုက်တယ်။ လက်နက်တော့ မရခဲ့ဘူး။ ပွဲချင်း ပြီးသေပါတယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

အလားတူ ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ရွှေပြည် စခန်းမှူး ရဲအုပ် သိန်းတန် ကို အောင်တိုင်းစံပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရာမှ သေဆုံး သွားကြောင်း သိရှိရသည်။

“ရှင်းလင်းတဲ့နေရာက ရဲစခန်းနဲ့နီးတော့ ရှင်းပြီးတာနဲ့ ပြန်ဆုတ်ခွာခဲ့ရပါတယ်။ ရဲဘော်တွေ အထိ အခိုက်မရှိပါဘူး” ဟု အောင်တိုင်းစံပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် မုံရွာမြို့နယ်(ပလဖ)ခေါင်းဆောင်လီယိုနှင့် မဟာမိတ်အဖွဲ့များက စစ်တပ် လက်အောက်ခံ မုံရွာ မြို့နယ် စည်ပင် သာယာ‌ ရေးဌာနမှ ဒုဦးစီးမှုး မိုးဇော် ကိုယနေ့တွင် ဖမ်းဆီးလိုက်ကြောင်း၊ ၎င်း သည် စစ်ကောင်စီ၏ယန္တရားလည်ပတ်မှုဒေါက်တိုင်ဖြစ်ပြီး ပြည်သူအပေါ် ဂုတ်သွေးစုပ် အမြတ် ထုတ်နေသည့် အရာရှိတစ်ဦးဖြစ်ကြောင်း၊ မုံရွာမြို့နယ်၏ အမည်ပျက်စာရင်း သွင်းခံထား ရသူ ဖြစ်ကြောင်း မုံရွာ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ပြောဆိုသည်။

ဓာတ်ပုံ- သေဆုံးသွားသည့် စဉ့်ကူးမှ စခန်းမှူး ရဲအုပ် သိန်းတန်နှင့် ဖမ်းဆီးခံရသည့် မုံရွာ စည်ပင် ဒုဦးစီးမှူး မိုးဇော်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article