28 C
Yangon

ရွှေဘိုမြို့နယ်၊ မြင်းစီးရွာ စစ်စခန်းကို PDF များက ဝင်ရောက်တိုက် ခိုက် ပြီး နောက် ဖမ်းဆီးရမိ သော ပျူစောထီး ၁၈ ဦးကို ဥပဒေနှင့်အညီ ဖမ်းဆီး ထိန်း သိမ်းထား

Must read

ရွှေဘိုမြို့နယ်၊ မြင်းစီးရွာ စစ်စခန်းကို PDF များက ဝင်ရောက်တိုက် ခိုက် ပြီး နောက် ဖမ်းဆီးရမိ သော ပျူစောထီး ၁၈ ဦးကို ဥပဒေနှင့်အညီ ဖမ်းဆီး ထိန်း သိမ်းထား

ရန်ကုန်၊ ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးရွာရှိ စစ်တပ်နှင့်ပျူစောထီး စစ်စခန်းကို PDF တပ်ပေါင်းစုက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ပျူစောထီး ၁၈ ဦး ဖမ်းဆီး ရရှိခဲ့ကာ ယင်းဖမ်းဆီးရမိသူများကို ဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း Khin U Local Guerrillas Force (KUGF) တာဝန်ရှိသူတစ်ဦးက ရန် ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ ညပိုင်း ပျူစောထီးခေါင်းဆောင် ဌေးအောင်ဦးဆောင် သော အကြမ်းဖက် စစ်သား၊ ပျူစောထီး အင်အား ၃၀ ခန့်ရှိ ပျူစခန်းများကို ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင် ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁၀ ဦး ထက်မနည်း သေဆုံးပြီး မြင်းစီးရွှေကျောင်းတိုက်ထဲမှ ပျူစောထီး ၁၈ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

“ညတိုက်ပွဲမို့ လက်နက်တော့မရခဲ့ဖူး၊ ပျူခေါင်းဆောင် ဌေးအောင် ကောက်ခံ နေသမျှ ပေးနေတဲ့ ပျူ ထောက်တိုင်တစ်ချို့တော့ ဖမ်းမိခဲ့တယ်၊ သူပစ် ကိုယ် ပစ် ခတ်ရင်း ပျူ ၁၀ ကောင်ထက်မနည်း သေတယ်၊ ကျနော်တို့ဘက် ကလည်း တစ်ဦး ဗိုက်ထိမှန်ဒဏ်ရာနဲ့ ခြေထောက် ဒဏ်ရာသူ တစ်ယောက် ရှိခဲ့တယ်၊ မစိုးရိမ်ပါဘူး၊ ပျူကောင်တွေ ကိုယ်ချင်းစာတတ်အောင် မီးမရှို့ချင်ပေမယ့် သူတို့ နေတဲ့အိမ် တွေကို မီးနည်းနည်းလေးရှို့ထားခဲ့တယ်” ဟု Shwe Bo Local People Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။

စစ်ကူလာသည့် စစ်ကားကိုလည်း ညောင်လှ ကျေးရွာ အနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ ကြောင်း၊ ရွှေဘိုမြို့မှ စစ်ကူကားနှစ်စီးဖြင့် မြင်းစီး ရွာ နှင့် ၂ မိုင်ခန့်အကွာရှိ စိုက်ပျိုးရေး သိပ္ပံကျောင်းအ တွင်းသို့ တပ်အင်အား ဖြည့် ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသော ပျူစောထီး ၁၈ ဦးကို ဥပဒေနှင့်အညီ စစ်ဆေး မေးမြန်းပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း၊ PDF များသည် အာဏာရှင်ကို တော်လှန်သူများဖြစ်၍ အာဏာရှင် အလုပ် မလုပ်ကြောင်း Khin U Local Guerrillas Force (KUGF) တာဝန်ရှိသူက ပြောသည်။

“ကျနော်တို့က ပျူစောထီးတွေကို ၁၀ ခါပြန်သတ်ချင်အောင် မုန်းနေပေမယ့် အာဏာရှင်စနစ်ကို မကြိုက်လို့ တွန်းလှန်နေသူတွေမို့ အာဏာရှင်ရဲ့ လုပ်ရပ် တွေလို လိုက် မလုပ်ပါဘူး။ အခုအချိန်အထိ ဖမ်းဆီးရမိသူတွေကို စစ်ဆေး မေးမြန်းပြီ ကောင်းမွန်စွာ ထိန်းသိမ်းထားပါတယ်။ ဥပဒေနှင့်အညီ ထိန်းသိမ်း ထားပါတယ်” ဟု Khin U Local Guerrillas Force (KUGF) တာဝန်ရှိသူက ဆိုသည်။

စစ်ဆင်ရေးကို Khin U Local Guerrrilla Force (KUGF)၊ Firedragon(ku)၊LOCAL BLOOD BROTHER GUFRRILLA HERO(ku)၊ D. U. G. F(ku)၊ BLACK EAGLE Local PDF၊၊ ONEDAY REVOLUTION FORCE (Shwe Bo) ၊မြင်းပျံ Local PDF နှင့် Shwe Bo Local People Defense Force အပါအဝင် နယ်မြေခံကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- တောင်ပိုင်းတိုင်းစစ်ဒေသတွင် စစ်ရေးစွမ်းရည်ပြသနေသည့် PDF တပ်ဖွဲ့များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article