30 C
Yangon

ရွှေဘိုမြို့နယ် တအုံကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ကန့်ဘလူတွင် မိုင်းဆွဲ ခံရမှုကြောင့် ပျူစောထီး ၁ ဦးသေဆုံ

Must read

ရွှေဘိုမြို့နယ် တအုံကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ကန့်ဘလူတွင် မိုင်းဆွဲ ခံရမှုကြောင့် ပျူစောထီး ၁ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ တအုံကျေးရွာကို အကြမ်းဖက်စစ်ကောင်စီဝင်များ ဝင်ရောက်မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ရန်ကုန်ခတ်သစ်မီဒီယာသို့ ပြောကြားသည်။

“မွန်းလွဲ ၂ နာရီခွဲလောက်က မီးရှို့ခံနေရတယ်။ စစ်ခွေးတွေ ရှို့တာ။ ရွာမြောက် ပိုင်းက စရှို့တာ။ စာသင်ကျောင်းထဲ တပ်စွဲထားတာ ဒီနေ့မှပဲ စရှို့တာပါ” ဟု ဒေသ ပြည် သူ တစ်ဦးက ရန်ကုန်ခတ်သစ်မီဒီယာသို့‌ ပြောပြသည်။

အကြမ်းဖက်စစ်ကောင်စီဝင်များသည် တအုံကျေးရွာတွင် ဝင်ရောက် တပ်စွဲ ထား သည်မှာ ၄ ရက်ဝန်းကျင်ခန့်ရှိပြီး ရောက်စအချိန်တွင် ဘုန်းကြီး ကျောင်း ထဲတွင် လူအချို့ကို ဖမ်းဆီးထားပြီးမှ ပြန်လွှတ်ပေးကြောင်း၊ ပြည်သူများ နေအိမ်ကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇာဒီ ကျေးရွာတွင် အထိုင်ချ လှုပ်ရှား နေသော ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၁ ဦး သေဆုံးခဲ့ကြောင်း ပဉ္စမံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်နှင့် နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် ရွာပြင်ထွက်၍ ကင်းပတ်ခြင်း၊ ကင်းပုန်းဝပ်ခြင်းများ ပြုလုပ်နေသော ပျူစောထီး များကို ပဉ္စမံ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မြို့နယ်ကာကွယ်အရေးအဖွဲ့တို့က မိုင်း ဆွဲ တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၁ ဦးသေဆုံးကာ ၂ ဦးထိခိုက် ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ၂၀၂၂ ခုနှစ် ၊ မေလ ၂၁ ရက်နေ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် မင်းတန်းရွာ ဘုန်းကြီးကျောင်းကို မီးရှို့ဖျက်ဆီးထားခဲ့စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article