31 C
Yangon

ရွှေဘို၊ တည်သီးတော ပျူစောထီးစစ်စခန်းကို အလစ်အငိုက် ဝင်ရောက် တိုက် ခိုက်မှု ပျူစောထီး ၂၀ သေဆုံးဟုဆို

Must read

ရွှေဘို၊ တည်သီးတော ပျူစောထီးစစ်စခန်းကို အလစ်အငိုက် ဝင်ရောက် တိုက် ခိုက်မှု ပျူစောထီး ၂၀ သေဆုံးဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတော(ပျူစောထီး)ရွာစခန်းကို အလစ် အငိုက် ဝင်ရောက်တိုက် ခိုက်ခဲ့ရာ ပျူစောထီး ၂၀ ဦးသေဆုံးခဲ့ကြောင်း ဗိုလ် ကျားရိုင်း-ရွှေဘို LPDF မှ ပြန်ကြား ရေးနှင့် ဘဏ္ဍာ ရေးတာန်ခံ ရဲဘော် ဗလကြီး က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၂ ရက် နံနက် ၄ နာရီ ၁၅ မိနစ်တွင် အကြမ်းဖက်စစ်တပ်မှ အသက် ကြီးကြီးစစ်သားတစ်ဦးနှင့် ပျူစောထီး ခေါင်း ဆောင်မောင်ဆန်း ပူးပေါင်း ခေါင်းဆောင်နေသော ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ ကြောင်း၊ ပျူစောထီးများ စတည်းချထားသည့် ကင်းတဲ ၄ နေရာကို သိမ်းပိုက် နိုင်ခဲ့ပြီး ပျူစောထီး ၂၀ ဦးသေဆုံး ပြီး ၁၅ ဦးခန့်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“စခက ခွေးအိုကြီးတစ်ကောင်ပဲရှိတယ်၊ တစ်ရွာနီးပါးပျူတွေပဲ၊ လက်နက် ကိုင်တာက အင်အား ၆၀ လောက်ရှိတယ်၊ ပျူမောင်ဆန်းက ဆရာကြီး လုပ်နေတာ၊ ပျူနဲ့ စခတပ်ချထားတဲ့ရွာ ၇ ရွာကိုသူက အုပ်ချုပ်နေတာ၊ ညောင် ကိုင်းနဲ့ရိုးမြေဆင်းက စခအကူတွေနဲ့ အဖက်ဖက်က ဝိုင်းလာလို့ လက်နက် တိုက် နားရောက်ခါနီးမှ ပြန်ပစ်ဆုတ်ခဲ့ရတာ၊” ဟု ဗိုလ် ကျားရိုင်း-ရွှေဘို LPDF မှ ပြန်ကြားရေးနှင့် ဘဏ္ဍာရေး တာန်ခံ ရဲဘော် ဗလကြီးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယင်းပျူစောထီးစခန်းတွင် လက်နက်ကိုင်ဒေသခံ လူငယ်ပျူစောထီး ၆၀ ခန့် ရှိပြီး တိုက်ပွဲအတွင်း၌ ပျူ စောထီးများ စတည်းချနေထိုင်ရာ နေရာများကို မီးရှို့ ဖျက်ဆီးနိုင်ခဲ့သည့်အပြင် ၉ လုံးကျည်အနည်း ငယ်ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့၊ ရွှေဘို မိုးကြိုးမုန်တိုင်း အဖွဲ့၊ မတစ်ထောင် (တစ်ကောင်ဘွား)- ဒီပဲယင်း အဖွဲ့၊ ဗိုလ်ဂျပန်ကြီး(အဖွဲ့)- ရွှေဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ God Of Satans-GOS အဖွဲ့၊ C&T SHWEBO (LPDF) အဖွဲ့၊ Fighter One အဖွဲ့၊ Northern Brotherhood Alliance Squad တပ်ရင်း-၁၈၊ ဒိုင်းနမိုက်အင်ပါယာ အဖွဲ့၊ တောင်သူကြီး အဖွဲ့၊ Flying Dragon Force (F.D.F)အဖွဲ့၊ Snake Eyes LPDF အဖွဲ့ နှင့် ရွှေဘို မြို့နယ် ရွှေဘို တိုက်နယ်-၂ ရဲဘော်များ ပူးပေါင်း ကာ တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article