26 C
Yangon

ရှမ်းပြည်နယ်၊ သိန္နီတွင် MNDAA နှင့် စစ်ကောင်စီတပ် အကြား တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံး၊ ပုလဲတွင် ရွေးကောက်ပွဲအတွက် လူဦးရေ သန်းခေါင်စာရင်းကောက်ယူနေသော အဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

Must read

ရှမ်းပြည်နယ်၊ သိန္နီတွင် MNDAA နှင့် စစ်ကောင်စီတပ် အကြား တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံး၊ ပုလဲတွင် ရွေးကောက်ပွဲအတွက် လူဦးရေ သန်းခေါင်စာရင်းကောက်ယူနေသော အဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ အထူးဒေသ ၁ မူပန်ခရိုင်၊ သိန္နီဒေသတွင် စစ်ကောင် စီတပ်နှင့် ကိုးကန့် MNDAA တပ်တို့အကြား ဇန်နဝါရီလ ၁၃ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၃၀ ကျော်သေဆုံးခဲ့ ကြောင်း The Kokang က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ တိုက်ပွဲတွင် သေဆုံးဒဏ်ရာရ အကြမ်းဖက်စစ်သားများကို သယ်ယူရန် ဇန်န ဝါရီလ ၁၄ ရက် နံနက်အစောပိုင်း ၁ နာရီခန့်မှစ၍ အကြမ်း ဖက်စစ်တပ်က လူနာတင်ယာဉ်များနှင့် စစ် ယာဉ်များသည် တိုက်ပွဲဖြစ်ပွားရာနေရာသို့ အကြိမ်ပေါင်းများစွာ အသွားအပြန်လုပ် သယ်ယူသွား ခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် MNDAA တပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၄ ရက် မွန်းလွဲ ၁၁ နာရီ ၃၄ မိနစ်အချိန် စစ်တပ်နှင့် MNDAA တို့အကြား အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားကြောင်း၊ တိုက်ပွဲအချိန် ၁ နာရီခွဲခန့်အထိကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ် သားထိခိုက်သေဆုံးမှုမသိရသေးကြောင်း၊ MNDAA ဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

အလားတူ စစ်ကိုင်းတို်ငး၊ ပုလဲမြို့နယ်၊ ပုလဲမြို့ပေါ်တွင် အကြမ်းဖက်စစ်သား၊ ရဲအများအပြားဖြင့် လူဦးရေ သန်းခေါင်စာရင်းကောက်ယူနေသော အဖွဲ့ကို လက် နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းနက်-နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၈ နာရီခွဲခန့်က ပုလဲမြို့၊ မြို့ဦးရပ်ကွက်ဘဏ်ရုံးအနီး၌ အရပ်သား ဝန်ထမ်း ၆ ဦးနှင့် စစ်သား၊ ရဲများက တရားမဝင် ရွေးကောက်ပွဲအတွက် မဲစာရင်း ကောက်နေစဉ် လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၁၀ ဒေါင်းနက်-နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့ ၊ ဒေါင်းနက်ရဲခေါင်တပ်စုက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့် ကြာ မြင့်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ စစ်ကူလာသည့် အတွက် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဒေါင်းနက်-နယ်စည်းမခြားပျောက်ကျားတပ်ဖွဲ့ထံမှ သိရှိရသည်။

ဓာတ်ပုံ- MNDAA တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article