33 C
Yangon

လမိုင်းမြို့နယ်တွင် စစ်မှုထမ်းဟောင်း၊ စစ်တပ်သတင်းပေးဟု စွပ်စွဲခံရသူ ရခိုင်ကို ဖမ်းဆီးစစ်ဆေးစဉ် သေနတ် ဝင်လုရာမှ ကျည်ပေါက်ထွက်ပြီး သေဆုံး

Must read

လမိုင်းမြို့နယ်တွင် စစ်မှုထမ်းဟောင်း၊ စစ်တပ်သတင်းပေးဟု စွပ်စွဲခံရသူ ရခိုင်ကို ဖမ်းဆီးစစ်ဆေးစဉ် သေနတ် ဝင်လုရာမှ ကျည်ပေါက်ထွက်ပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၄

မွန်ပြည်နယ်၊ လမိုင်းမြို့နယ်ခွဲ၊ မော့ကနင်ကျေးရွာတွင် စစ်မှုထမ်းဟောင်းလည်းဖြစ်၊ စစ်တပ်သတင်းပေးဟုလည်း စွပ်စွဲခံရသူ ရခိုင် ဆိုသူကို PDF တပ်က ဖမ်းဆီးလာစဉ် သေနတ်ဝင်လုရာမှ ကျည်ပေါက်ထွက် သေဆုံးသွား ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၄ ရက် မွန့်တည် ၁၂ နာရီခန့်အချိန် ဒလန်သတင်းပေး ရခိုင်ကို PDF တပ်က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးကာ ခေါ်ဆောင် လာပြီး လမ်းခုလတ်၌ စစ်ဆေးမေးမြန်းနေစဉ် ရခိုင်က PDF တစ်ဦး၏ သေနတ်ကို အတင်းဝင်လုရာမှ ကျည်ပေါက်ထွက် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသေဆုံးသူထံမှ ဖမ်းဆီးစဉ်ပါရှိလာသော လက်လုပ် Pistol ၁ လက်၊ လက်ထိပ် တစ်ခု၊ ဓါးတို တစ်ချောင်း ၊ ဓါးရှည်တစ်ချောင်း တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article