34 C
Yangon

လုံခြုံရေး တင်းကျပ်မှုတွေနဲ့ တိတ်ဆိတ်သွားတဲ့ သံတွဲမြို့

Must read

မင်းအောင်လှိုင်နဲ့ ထိုင်းစစ်တပ် ကိုယ်စားလှယ်အဖွဲ့ လာဖို့ရှိတာကြောင့် လမ်းဘေး ဝဲယာ ဆိုင်ခန်းတွေ အကုန်ဖျက်ဆီးခံရပြီး လုံခြုံရေး တင်းကျပ်မှုတွေနဲ့ တိတ်ဆိတ်သွားတဲ့ သံတွဲမြို့

ရန်ကုန်၊ ဇန်နဝါရီ ၁၄

လာမယ့် ဇန်နဝါရီလ ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့တွေမှာ အကြမ်းဖက် မင်းအောင်လှိုင်နဲ့ ထိုင်းစစ်တပ် ကိုယ်စားလှယ်အဖွဲ့တွေ ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို လာဖို့ရှိတာကြောင့် လမ်းဘေး ဝဲယာ ဆိုင်ခန်းတွေ အကုန်ဖျက်ဆီးခံရပြီး လုံခြုံရေး တင်းကျပ်မှုတွေရှိနေပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့မှာ အဖွဲ့ဝင် ၃၀ နီးပါး ပါသော ထိုင်းစစ်တပ်ကိုယ်စား လှယ် အဖွဲ့ ထိုင်းတော်ဝင်လေတပ် အထူးလေ ယာဉ် နဲ့ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ကို ဆိုက်ရောက်မှာဖြစ်ပြီး အဲဒီနောက် မင်းအောင်လှိုင်နှင့်ဇနီးတို့လည်း သံတွဲသို့ ရောက်ရှိမယ်လို့ သိရပါတယ်။

ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ်တို့ သံတွဲမြို့မှာ တွေ့ဆုံရန်ရှိနေတာကြောင့် ငပလီမြို့ လမ်းဘေးစျေးဆိုင်တွေကို စစ်တပ်က အတင်းအကျပ် ဖျက်သိမ်းခိုင်းနေသလို လမ်းဘေးဝဲယာရှိ ခြုံပုတ်တွေကိုပါ လိုက်လံရှင်းလင်းနေပါတယ်။ ငပလီကမ်းခြေနဲ့ သံတွဲမြို့ပေါ်မှာလည်း လုံခြုံရေးအတွက် စစ်တပ် ကင်းပုန်းတွေ ချထားပါတယ်။

ရေတပ်သင်္ဘောတချို့နဲ့ ခြေလျင်တပ်တွေကိုလည်း သံတွဲမြို့ဆီကို လုံခြုံရေး တိုးမြှင့်ဖို့ ချထားနေပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article