36 C
Yangon

လောင်းလုံး၊ သကျက်တောရွာ နယ်မြေရဲစခန်းကို PDF တပ်ဖွဲ့ မီးရှို့ ရှင်းလင်း

Must read

လောင်းလုံး၊ သကျက်တောရွာ နယ်မြေရဲစခန်းကို PDF တပ်ဖွဲ့ မီးရှို့ ရှင်းလင်း

ရန်ကုန်၊ ဇန်နဝါရီ ၁၇

လောင်းလုံးမြို့နယ်၊ သကျက်တောရွာ နယ်မြေရဲစခန်းကို PDF တပ်ဖွဲ့များက မီးရှို့ ရှင်းလင်းခဲ့ကြောင်း LLPDF တပ်ဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီ ၁၆ ရက် ည ၁၁ နာရီ ဝန်းကျင်ခန့်တွင် အဆိုပါ ရဲစခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီး ရဲစခန်းကို မီးရှို့ခဲ့ခြင်းဖြစ်​​ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ရဲစခန်းတွင် တပ်စွဲထားသော စစ်သားနှင့် ရဲများက စခန်းကို စွန့်ခွာထွက်ပြေးသွားသောကြောင့် လောင်းလုံးပြည်သူ့ ကာကွယ်ရေးအဖွဲ့ (LLPDF)နှင့် ထားဝယ် အထူး ပြောက်ကျားအဖွဲ့တို့ ပူးပေါင်းကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဲစခန်းအတွင်းရှိ ပင်မဆောင်၊ အိပ်ခန်း၊ တန်းလျားများ အပါအဝင် အဆောက်အအုံ ၅ ဆောင်၊ ဘန်ကာ ၂ ခုတို့ကို မီးရှို့ ရှင်းလင်းခဲ့ကြောင်းဘလောင်းလုံးပြည်သူ့ ကာကွယ်ရေးအဖွဲ့ (LLPDF)က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article