28 C
Yangon

လောင်းလုံး၊ ဟင်းချိုတောရွာတွင် စစ်တပ်က ပြည်သူ့နေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီး

Must read

လောင်းလုံး၊ ဟင်းချိုတောရွာတွင် စစ်တပ်က ပြည်သူ့နေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီလ ၁၁

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ဟင်းချိုတောကျေးရွာရှိ အပြစ်မဲ့ပြည်သူပိုင်အိမ်များကို ယနေ့ ဇန်နဝါရီ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ဝင် ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီဝင်အင်အား ၂၀ ခန့်ဖြင့် ပြည်သူပိုင် နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်သည်။

“နံနက် ၅နာရီခန့်က လှေနဲ့ကျောက်နီမော်ဘက်က တက်လာကြတယ်။စစ်ခွေး လို့ မထင်မိကြဘူး။ရွာထဲရောက်မှ ဖုန်းတွေကိုမတရားသိမ်းတယ်။အိမ်တွေကို လည်း ဘာအပြစ်မှမရှိဘဲ မတရားမီးရှို့သွားတယ်”ဟု ‌ဒေသခံတစ်ဦးက ပြောကြား သည်။

ထိုသို့ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးမှုကို လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံ ပညာကျောင်းသားများ သပိတ်ကော်မတီက အပြင်း အထန် ရှုတ် ချကြောင်း ‌၎င်းတို့၏ စာမျက်နှာတွင် ဖော်ပြထားသည်။

ဟင်းချိုတောကျေးရွာရှိ ‌ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်း ဖက် စစ်ကောင်စီဝင်များသည် ကျောက်နီမော်ကျေးရွာမှ စစ်ကောင်စီဝင်များနှင့် ပျူစောထီးများ ဖြစ်ကြကြောင်း ‌ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article