28 C
Yangon

လျှို့ဝှက်စာတွေ ပေါက်ကြားနေပြန်လို့ ပြည်နယ်/တိုင်း ညွှန်ကြားစာတွေမှာ အသားတံဆိပ်တွေ ထည့်သွင်းခိုင်းပြန်

Must read

လျှို့ဝှက်စာတွေ ပေါက်ကြားနေပြန်လို့ ပြည်နယ်/တိုင်း ညွှန်ကြားစာတွေမှာ အသားတံဆိပ်တွေ ထည့်သွင်းခိုင်းပြန်

ရန်ကုန်၊ ဇန်နဝါရီ ၆

အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်နေတဲ့ လျှို့ဝှက်စာတွေ ပေါက်ကြားမှု မဖြစ်စေဖို့ ပုံစံအမျိုးမျိုး နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်ခဲ့ပေမယ့်လည်း အခု အချိန်အထိ မထိန်းနိုင်တာမို့ ထပ်မံပြီး ပြည်နယ်/တိုင်း အသားတံဆိပ်တွေ စာတွေမှာ ထည့်သွင်းဖို့ ညွှန်ကြားပြန်ပါတယ်။

နေပြည်တော်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီက ပြည်နယ်/တိုင်းစစ်ကောင်စီ တွေ ကို လျှို့ဝှက် ညွှန်ကြားချက်တွေ ပေးပို့ရာမှာ စာတွေ မထိန်းနိုင်ဘဲ ပေါက် ကြားမှု တွေရှိနေတာလည်းဖြစ်ပါတယ်။ မူလက တိုင်း/ပြည်နယ်နဲ့ ဝန်ကြီး ဌာန ညွှန်ကြားတွေမှာ ကုတ်နံပါတ် ဂဏန်းတွေ လျှို့ဝှက် ထည့်သွင်း ပေးပို့ပေ မယ့် အဲဒီလို လျှို့ဝှက်ဂဏန်းတွေ ထည့်သွင်းခိုင်းတယ်ဆိုတဲ့ သတင်းကလည်း ပေါက်ကြားခဲ့ပါတယ်။

ခေတ်သစ်သတင်းဌာနက သတင်းဖော်ပြခဲ့တဲ့ လျှို့ဝှက်ပေါက်ကြားစာတွေမှာ လျှို့ဝှက်ကုတ်ဂဏန်းတွေကို ဖယ်ရှားပြီး တင်ပြခဲ့တဲ့နောက်ပိုင်းမှာ အခုလို အသားတံဆိပ် ထည့်သွင်းဖို့ ညွှန်ကြားချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

လျှို့ဝှက်ညွှန်ကြားစာတွေမှာ ညွှန်ကြားခံရတဲ့ ပြည်နယ်/တိုင်း အသားတံဆိပ် ထည့်သွင်းခြင်းက ပေါက်ကြားတဲ့ ပြည်နယ်/တိုင်းစစ်ကောင်စီဌာနတွေကို ခြေရာခံနိုင်အောင်ဖြစ်တယ်လို့ သိရပါတယ်။

“အမိန့်စာတွေ၊ ညွှန်ကြားစာတွေ သတင်းပေါက်ကြားမှု ရှိခဲ့ရင် ပေါက်ကြား တဲ့တိုင်း/ပြည်နယ် သိရအောင် အောင် အောက်ခံ အသားတံဆိပ်တွေတပ် ပေးပို့ရန် စစ်ကောင်စီကညွှန်ကြားတာပါ။ ဥပမာ ရန်ကုန်ဆိုရင် စာရွက်အပြည့် ဘေးတိုက် YGN စာလုံးပါမယ်” လို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါ တယ်။

စစ်ကောင်စီအနေနဲ့ ဖရဲသီးပပျောက်ရေး ဆိုပြီး စီမံချက်တွေ လုပ်ဆောင်နေ ပေမယ့်လည်း သတင်းအချက်အလက်နဲ့ လျှို့ဝှက်စာတွေ ပေါက်ကြားမှုကို အာဏာသိမ်းမှု ၂ နှစ်တာ ကာလအတွင်း ထိန်းသိမ်းနိုင်ခြင်းမရှိသေးပါဘူး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article