30 C
Yangon

လှိုင်မြို့နယ်၊ အုတ်ကျင်းဘူတာရုံလမ်းရှိ ရေခဲစက်မှ အမိုးနီးယားယိုစိမ့်မှုဖြစ်ပြီး ပြည်သူများ မူးလဲ၊ ပြည်သူအားလုံး ထွက်ပြေးနေရ

Must read

လှိုင်မြို့နယ်၊ အုတ်ကျင်းဘူတာရုံလမ်းရှိ ရေခဲစက်မှ အမိုးနီးယားယိုစိမ့်မှုဖြစ်ပြီး ပြည်သူများ မူးလဲ၊ ပြည်သူအားလုံး ထွက်ပြေးနေရ

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အုတ်ကျင်းဘူတာရုံလမ်းရှိ ရေခဲစက်မှ အမိုးနီးယားယိုစိမ့်မှုဖြစ်ပြီး ပြည်သူများ မူးလဲပြီး ပြည်သူအားလုံး ထွက်ပြေးနေရကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်အချိန် လှိုင်မြို့နယ်၊အမှတ် ၁၆ ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းတွင် ရေခဲစက်မှ အမိုးနီးယား ယိုစိမ့်မှုဖြစ်ပွားကြောင်း၊ ပြည်သူများမူးလဲပြီး ဆေးရုံကားများ သွားရောက်နေကြောင်း၊ ရပ်ကွက်နေ ပြည်သူများအားလုံးလည်း အနံ့ဆိုးသဖြင့် ထွက်ပြေးနေရကြောင်း သိရှိရသည်။

“အုတ်ကျင်းဘူတာရုံလမ်း မိုးရေသန့် အမိုးနီယားပေါက်တာ။ ပြည်သူတချို့တော့ မူးလဲ မေ့လဲဖြစ်တယ်။ လူတွေ မူးလဲတာတွေ ဖြစ်ကုန်ပြီ။ မျက်လုံးတွေလည်း စပ်ပါတယ်။ သတိလစ်တဲ့သူလည်းများတယ်။ အခုလက်ရှိဆေးရုံကားတွေတော့ တောက်လျောက်သွားနေတယ်။ ဆေးရုံကားတွေ သွားနေတယ်။ ဆေးရုံကားမီးသတ်ကားတွေလည်းပါတယ်” ဟု အုတ်ကျင်းဘူတာရုံလမ်းမှ ပြည်သူတစ်ဦးက ပြောသည်။

ဓာတ်ပုံ- ယနေ့ အမိုးနီးယားယိုစိမ့်သဖြင့် ဆေးရုံကား လူနာတင်ကားများ လာရောက်နေကြစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article