35 C
Yangon

ဝက်လက်မြို့ပေါ်တွင် တိုက်ပွဲဖြစ်နေပြီး စစ်သား ၁၂ ဦးထက် မနည်းသေဆုံး၊ စစ်ကောင်စီ၏ ဌာနဆိုင်ရုံးများကို ပစ်မှတ်ထား တိုက်ခိုက် လျက်ရှိ

Must read

ဝက်လက်မြို့ပေါ်တွင် တိုက်ပွဲဖြစ်နေပြီး စစ်သား ၁၂ ဦးထက် မနည်းသေဆုံး၊ စစ်ကောင်စီ၏ ဌာနဆိုင်ရုံးများကို ပစ်မှတ်ထား တိုက်ခိုက် လျက်ရှိ

ရန်ကုန်၊ ဇန်နဝါရီလ ၂၅

စစ်ကိုင်းတို်ငး၊ ဝက်လက်မြို့ပေါ်ရှိ ဌာဆိုင်ရာရုံးများ၊ အကြမ်းဖက်စစ်သား၊ ရဲ များ တပ်စွဲထားသည့် နေရာများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ဝင် ရောက် တိုက်ခိုက်နေရာ စစ်သား ၁၂ ဦးထက် မနည်း သေဆုံးထားကြောင်း People’s Army to Fight Dictatorship –PADF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့က စတင်ပြီး ယနေ့အချိန်အထိ PADF တပ်ခွဲမှူး ဗိုလ် လှိုင် ဘွားဦးဆောင် သော မဟာမိတ် တပ်ပေါင်းစုများက ဝက်လက်မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို တိုက်ခိုက် လျက်ရှိရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး၊ ရဲ ၁၂ ဦးထက် မနည်း သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ လည်း ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြောင်း သိရသည်။

“ဇန်နဝါရီ ၂၀ ရက်နေ့ ကနေစပြီး တိုက်လိုက်တဲ့အချိန်မှာ ဆက်လက် တိုက် ခိုက်နေဆဲပဲရှိပါ သေးတယ်၊ အဲဒီပတ်ဝန်းကျင် မှ နေရာ ယူထားဆဲရှိ ပါသေး တယ်၊ အတိုင်း အတာတစ်ခုထိအောင် တော့ သိမ်းထားနိုင်တယ်၊ ဌာနဆိုင်ရာ တွေလည်း တော် တော်များ များ သိမ်းထားတယ်၊ အဲအထဲမှာ အချက် အလက် ပစ္စည်းတွေလည်း ရထားတဲ့ ဟာတွေလည်း ရှိပါတယ်၊ အခု ချိန်မှာ တိုက်ပွဲက မပြီး သေးဘူး ဆို တော့ အသေး စိတ် ထုတ်ပြန် ဖို့တော့ အခုချိန်မှာ မရှိသေး ပါဘူး၊ ဆောင်ရွက် နေတယ် ဆိုတဲ့ အကြမ်းဖျဉ်း လောက်ကို ပြည်သူများကို အသိပေးခြင်း ဖြစ်ပါ တယ်” ဟု PAFD အဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ရန်ကုန် ခေတ် သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို PAFD နှင့် PAFD တပ်ခွဲမှူး ဗိုလ်လှိုင်ဘွား၊ တပ်စိပ် ၁ ၊ ပျံလွှားအဖွဲ့၊ တပ်စိပ် ၂ ခွပ်ဒေါင်း အဖွဲ့၊ တပ်စိပ် ၃ ဇာမဏီတပ်ဖွဲ့၊ တပ်စိတ် ၄ ငရဲမီးတပ်ဖွဲ့နှင့် PAFD တပ်ခွဲ DKPF –MMU စသည့်မဟာမိတ် အဖွဲ့များ ပူး ပေါင်း ကာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ တိုက်ပွဲ ဖြစ်စဉ် အသေး စိတ်ကို ဆက် လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်း၊ လက်နက်ခဲယမ်း လိုအပ် ချက် ရှိနေ ပါသဖြင့် ပြည်သူများအနေဖြင့် ကူညီပေးကြပါရန် မေတ္တာ ရပ်ခံလို ကြောင်း PAFD အဖွဲ့က အသိပေး ပြော ဆိုသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) တပ်သားများ၏ ပုံရိပ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article