37 C
Yangon

ဝက်လက်မြို့ပေါ် တိုက်ပွဲအတွင်း စစ်သား ၁၅ ဦးသေဆုံးပြီး PDF ရဲဘော် ၆ ဦးကျဆုံးကာ ၂ ဦးဖမ်းဆီးခံရ၊ မုံရွာတွင် စစ်သားများကို ဗုံးပစ်တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ဝက်လက်မြို့ပေါ် တိုက်ပွဲအတွင်း စစ်သား ၁၅ ဦးသေဆုံးပြီး PDF ရဲဘော် ၆ ဦးကျဆုံးကာ ၂ ဦးဖမ်းဆီးခံရ၊ မုံရွာတွင် စစ်သားများကို ဗုံးပစ်တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်တွင် ၇ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်သား ၁၅ ဦးသေဆုံးပြီး PDF ရဲဘော် ၆ ဦးကျဆုံးကာ ၂ ဦးဖမ်းဆီးခံရကြောင်း People’s Army to Fight Dictatorship –PADF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဝက်လက်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ဌာနဆိုင်ရုံးများနှင့် အကြမ်းဖက်စစ်သား များ တပ်စွဲထားရာရုံးများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့က စတင်ပြီး ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့အထိ ဝက်လက်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံရုံးများနှင့် အနီးအနားကျေးရွာများကို စစ်ကြောင်းထိုးလှုပ်ရှားနေသော အကြမ်းဖက် တပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဝက်လက်မြို့နယ်၊ ဆည်မြောင်း နှင့်ရေအရင်းအမြစ်အသုံးချမှုစီမံခန့်ခွဲရေးဌာနရုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်တော့ကွန်ပျူတာနှစ်လုံးကို သိမ်း ဆည်းနိုင်ခဲ့ကြောင်း သိရသည်။

“မြို့ပေါ်မှာ ရှိတဲ့ဌာနဆိုင်ရာရုံးအားလုံးကို ဝင်စီးခဲ့တာ၊ လက်နက်ကိုင်တွေနဲ့ တအားနီးတဲ့ ရုံးတွေကိုတော့ မစီးနိုင် ခဲ့ဖူး၊ မြို့ပေါ်ကို ကျနော်တို့တပ်ဖွဲ့က စီးထားတဲ့အခါကျတော့ စစ်သားတွေက မြို့ပေါ်ကို မထိုင်နိုင်ပဲနဲ့ရွာစဉ်တန်း တွေကို စစ်ကြောင်းထိုးမီးရှို့တယ်၊ ကျနော်တို့ရဲဘော်တွေကျတာကတော့ မူးကြီးကို မီးရှို့နေတဲ့အချိန်မှာ တပ်စိပ် တစ်စိပ်က အဲဘက်ကိုသွားတဲ့အချိန် ကင်းပုန်းနဲ့တွေ့ပြီး အပြန်အလှန်ပစ်ခတ်ရာမှာ ကျတာ၊ သူတို့(စစ်ခွေး)တွေ ဘက်ကလည်း တစ်ဦးသေတယ်”ဟု People’s Army to Fight Dictatorship –PADF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဝက်လက်မြို့နယ်တွင် အကြမ်းဖက်စစ်သား အင်အား ၅၀ ခန့်ဖြင့် မြို့ပေါ်တက်လိုက်၊ ကျေးရွာများကို စစ် ကြောင်း ထိုးမီးရှို့လိုက်လုပ်ဆောင်နေကြောင်း၊ တစ်ပတ်အတွင်း တိုက်ခိုက်မှုတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးကာ ၅ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးကျဆုံးပြီး ၂ ဦးဖမ်းဆီးခံရကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဝက်လက်မြို့ပေါ်မှ ပြန်လည်ဆုတ်ခွာခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို PAFD နှင့် PAFD တပ်ခွဲမှူး ဗိုလ်လှိုင်ဘွား၊ တပ်စိပ် ၁ ၊ ပျံလွှားအဖွဲ့၊ တပ်စိပ် ၂ ခွပ်ဒေါင်း အဖွဲ့၊ တပ်စိပ် ၃ ဇာမဏီတပ်ဖွဲ့၊ တပ်စိတ် ၄ ငရဲမီးတပ်ဖွဲ့နှင့် PAFD တပ်ခွဲ DKPF –MMU ၊ Eagle Guerilla Force စသည့်မဟာမိတ် အဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းလိုအပ်ချက်ရှိနေသဖြင့် မိဘ ပြည်သူများအနေဖြင့် ကူညီပေးကြပါရန် PAFD အဖွဲ့က မေတ္တာရပ်ခံထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အက်တောပြည်တော်သာရပ်ကွက် စာသင်ကျောင်းရှိ အကြမ်းဖက် စစ်သားများကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Fight For People (FFP) ထံမှ သိရသည်။

ဇန်နဝါရီလ ၂၄ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က အက်တောပြည်တော်သာရပ်ကွက်ရှိ စာသင် ကျောင်းသို့ ရောက်ရှိလာသော အကြမ်းဖက်စစ်သားများကို လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား (၂)ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

အလားတူ နေ့လည် ၁၁ နာရီခန့်တွင်လည်းမုံရွာမြို့၊ သာစည်လမ်း၊ စိန်တောင်ဆီဆိုင်နားသို့ ရောက်ရှိနေ သော အကြ်မဖးက်စစ်သားများကို လက်ပစ်မိုင်း ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ အထိအခိုက်အကျအဆုံးမသိရ သေးဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၂ (Chindwin Attack Force) ၊ တပ်ခွဲ ၄ (Fight For People-FFP) ၊ ဗိုလ်ပေါက်ကြား မုံရွာပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်ဗျတ်ဝိတို့ ပူးပေါင်းကာတ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article