28 C
Yangon

သပိတ်ကျင်းတွင် ပျူစောထီးအဖွဲ့ ခေါင်းဆောင် ထွန်းနိုင် ပစ်ခတ်ခံရပြီး သေ ဆုံး၊ လောင်းလုံးတွင် ထန်းရည်သောက် ပြန်လာသော စစ်သား၊ ရဲ ၂ ဦးကို တိုက်ခိုက်မှု ရဲတစ်ဦးသေဆုံး

Must read

သပိတ်ကျင်းတွင် ပျူစောထီးအဖွဲ့ ခေါင်းဆောင် ထွန်းနိုင် ပစ်ခတ်ခံရပြီး သေ ဆုံး၊ လောင်းလုံးတွင် ထန်းရည်သောက် ပြန်လာသော စစ်သား၊ ရဲ ၂ ဦးကို တိုက်ခိုက်မှု ရဲတစ်ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၆

မန္တလေး၊ သပိတ်ကျင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူ‌ စော ထီး အဖွဲ့ ခေါင်းဆောင် ထွန်းနိုင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သပိတ်ကျင်း ပကဖ အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၄ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်တွင် တောင်လယ် ကျေးရွာနေ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူ‌စောထီး အဖွဲ့ ခေါင်းဆောင် ထွန်း နိုင်ကို ၎င်းနေအိမ်၌ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက် ခိုက် ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ထွန်းနိုင်သည် တော်လှန်ရေးဘအင်အားစုများ၏ သတင်းနှင့် တော်လှန်ရေး အင်အားစုများကို ခုခံတိုက်ခိုက်ရန် ပျူစောထီး အင်အားများ စု ဆောင်းနေခြင်း၊ ၎င်း၏ သားဖြစ်သူကိုပင် တွင်းငယ်ရွာရဲကင်းစခန်းတွင် ရဲတပ် သားအဖြစ် ဝင်ခိုင်းထားခြင်း၊ ၎င်းနေအိမ်တွင် အကြမ်းဖက် စစ်တပ်မှ ဗိုလ်မှူး နှင့် ဆက်သွယ်ထားသော အချက်လက်များ ရှာဖွေတွေ့ရှိခဲ့ကြောင်း သပိတ် ကျင်း မြို့နယ် ပကဖ၊ PDF-ကြာညှပ် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ထားဝယ်-မြတ်ရှင်မော်လမ်း ပိုင်း တစ်နေရာတွင် ထန်းသောက်ပြီး ပြန်လာသော စစ်သား၊ ရဲ နှစ်ဦးကို ပစ် ခတ်ရှင်းလင်းခဲ့ရာ ရဲတစ်ဦးသေဆုံးခဲ့ကြောင်း လောင်းလုံး မြို့ နယ်ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၆ ရက် နံနက် ၈ နာရီ မိနစ် ၄၀ ခန့်က သကျက်တော ရဲစ ခန်း မှ စစ်သားတစ်ဦး၊ ရဲတစ် ဦးတို့သည် ကျေးရွာအနီးရှိ ထန်းရည်ဆိုင်သို့ သွား ရောက်ပြီး ထန်းရည်သောက်ကာ ပြန်လာစဉ် လောင်း လုံးမြို့နယ် ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ပ ပစ်ခတ်ရှင်းလင်းခဲ့ရာ ရဲတစ်ဦးသေဆုံးပြီး စစ်သား တစ်ဦး ဒဏ် ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ရှင်းလင်းရာ ပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ် ကောင် စီတပ် သားများ စစ်ကူရောက်ရှိလာသဖြင့် လက်နက် ကောက်ယူရန် အခွင့် မသာခဲ့သဖြင့် အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာ ခဲ့ရ ကြောင်း လောင်း လုံး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ပစ်ခတ်တိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ရမ်းသမ်း ပစ်ခတ်ကာ ထန်းရည်ဆိုင် အပါအဝင် လူနေဆောင် ၂ လုံးကို မီးရှို့ ဖျက် ဆီးခဲ့ သည့်အပြင် သကျတ်တောရဲစခန်းအတွင်းမှလည်း ကျေးရွာအတွင်းသို့ လက် နက်ကြီး များဖြင့် အကြမ်းဖက်ပစ်ခတ်ခဲ့သဖြင့် လူနေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နေဖြင့် အကြမ်းဖက် စစ်ကောင် စီ တပ်သားများကို မျက်စိ ဒေါက်ထောက်ကြည့်နေပြီး အချိန်မရွေး ပစ်ခတ် ရှင်း လင်းသွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်သားများကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ ရင်ဆိုင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ် ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article