36 C
Yangon

သပိတ်ကျင်း၊ ကျွန်းကြီးကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ကသာမြို့နယ်၊ တိုက်ကုန်းရပ် ကျေးရွာ တွင် လူနေအိမ်များအပြင် ဘုန်းကြီးကျောင်းကိုပါ စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်သဖြင့် သံဃာများ သီတင်းသုံးစရာ နေရာ မရှိ

Must read

သပိတ်ကျင်း၊ ကျွန်းကြီးကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ကသာမြို့နယ်၊ တိုက်ကုန်းရပ် ကျေးရွာ တွင် လူနေအိမ်များအပြင် ဘုန်းကြီးကျောင်းကိုပါ စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်သဖြင့် သံဃာများ သီတင်းသုံးစရာ နေရာ မရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၅

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ ကျွန်းကြီးကုန်းရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက် မီးရှို့သွားကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် ကျွန်းကြီးကုန်းကျေးရွာကို စစ် တပ် က မီးတင်ရှို့ခြင်းဖြစ်ပြီး အဆိုပါ ကျွန်းကြီးကုန်းရွာသည် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အစပ် ဧရာ၀တီမြစ် ကမ်း ဘေးတွင် တည်ရှိသော ကျေးရွာတစ်ခုဖြစ်ကြောင်း၊ စစ်တပ်က တိုက်ပွဲ ဖြစ်ပွား ခြင်းမရှိဘဲ အကြောင်းမဲ့ မီးတင်ရှို့နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခုထိမီးရှို့နေတယ်။ ဒီခွေးတွေက မောင်းကုန်းကနေ ဧရာဝတီမြစ်ကို သံခွံ မော် တော် နဲ့ဖြတ်ကူးပြီး ရွာကိုမီးရှို့နေတာ။ ရွာထဲကနေမထွက်သေးတော့ မီး လောင် တဲ့ အိမ်အတိအကျ မသိရသေးဘူး။ လူတွေကတော့ အကုန် ထွက် ပြေး နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်က ယခု ဇန်နဝါရီလအတွင်း ကသာမြို့နယ်၊ ထီးချိုင့်မြို့နယ်၊ သပိတ် ကျင်း မြို့နယ် အပါအဝင် ဧရာ၀တီမြစ်ကမ်းဘေး ဝဲယာ တစ်လျှောက်ရှိ ကျေး ရွာ များကို စစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ ကျေးရွာ များကို နေ့ စဉ် မီးရှို့နေကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားကျေးရွာအုပ်စု၊ တိုက်ကုန်းရပ် ကျေးရွာတွင်လည်း စစ်တပ်က နေအိမ်များအပြင် ဘုန်းကြီးကျောင်းကိုပါ မီးရှို့ ဖျက်ဆီးသဖြင့် သံဃာတော်များ သီတင်းသုံးစရာ နေရာမရှိ ဖြစ်နေကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့ အထိ စစ်ကောင်စိတပ်က တိုက်ကုန်းရပ် ကျေးရွာ ကို မီးတင်ရှို့ခြင်းဖြစ်ပြီး နေအိမ် ၅၀ နီးပါး မီးလောင်ပျက်စီး သွား ကြောင်း၊ တိုက်ကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် ဥပုသ်သည်နား ဆောင် များ ကိုပါ မီးရှို့ဖျက်ဆီးသဖြင့် ကျောင်းဆောင်များ ပျက်စီးသွားကြောင်း ၊ သံ ဃာ တော်များမှာလည်း ထွက်ပြေးရသဖြင့် သီတင်းသုံးစရာ နေရာမရှိသည့် အပြင် နာရေးများအတွက် သရဏဂုဏ်တင်ရန် အခက်အခဲရှိနေကြောင်း သိရှိရသည်။

လက်ရှိတွင် ကသာမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်တပ်က မှတ်တိုင် ကျေးရွာ၊ နမ့်စမ်းကျေးရွာနှင့် ဆူးပုတ်ကုန်းရွာဘက်သို့ ဦးတည်နေသဖြင့် ပြည် သူ များ ထွက်ပြေး ရှောင်တိမ်းနေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က မီးရှို့ခြင်း၊ လေယာဉ်ဖြင့် ပစ်ခတ်ခြင်းများဖြင့် ဖျက်ဆီးထား သော ကသာမြို့နယ်၊ တိုက်ကုန်းရပ်ကျေးရွာ မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article