29 C
Yangon

သာကေတတွင် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲအတွက် လူဦးရေသန်းခေါင်စာရင်း ကောက်ရန် တက်ကြွ ဦးဆောင် ရာအိမ်မှူး ထွန်းထွန်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

သာကေတတွင် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲအတွက် လူဦးရေသန်းခေါင်စာရင်း ကောက်ရန် တက်ကြွ ဦးဆောင် ရာအိမ်မှူး ထွန်းထွန်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ သလ္လာ၀တီ ၁ လမ်းတွင် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲအတွက် လူဦးရေသန်းခေါင်စာရင်း ကောက်ရန် တက်ကြွ ဦးဆောင် ရာအိမ်မှူး ထွန်းထွန်ဝင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်တွင် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး ထွန်းထွန်းဝင်း သည် ပစ်ခတ်ခံရသည့် ဒဏ် ရာ ဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း၊ ထွန်းထွန်းဝင်းသည် ၁၀ တောင် ၁၄ ရပ်ကွက် ရာအိမ်မှူးဖြစ်ကြောင်း၊ စစ်တပ်က ကျင်းပရန် ပြင်ဆင်နေသည့် အတုအယောင်ရွေး ကောက် ပွဲအတွက် လူဦးရေ သန်းခေါင်းစာရင်း ကောက်ယူမှုများတွင် တက်ကြွစွာ ဦးဆောင်ပါဝင်နေသူဖြစ်ကြောင်း သိရှိရသည်။

“အခုထက်ထိ သာကေတထဲမှာ စစ်ခွေးနဲ့ ရဲခွေးတွေ ပတ်နေတုန်းပဲ။ မနက် ရာအိမ်မှူးကို ပစ်သွားတဲ့သူတော့ မမိသေးဘူးလို့ ကြားတယ်” ဟု သာကေတမြို့နယ်၊ ဝက်စုတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။

အကြမ်းဖက် စစ်ကောင်စီ ပြည်ထဲရေး ဝန်ကြီး စိုးထွဋ်က လူဦးရေ သန်းခေါင် စာရင်း ကောက်ယူမှုသည် ရွေးကောက်ပွဲတစ်ခုတည်းအတွက်မဟုတ်ဘဲ PDF များကို ဖော်ထုတ် ဖမ်းဆီးရန်နှင့် သတင်းရယူစုဆောင်းရန် ဖြစ်ကြောင်း တရား ဝင် အမိန့် ထုတ်ပြန်ညွှန်ကြားထားခြင်းဖြစ်သည်။

ဓာတ်ပုံ- သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး။

Photo- EEN ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article