27 C
Yangon

သဲကုန်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပိုစတာလာဖြုတ်သည့် ရဲတပ်ဖွဲ့ဝင် ၃ ဦး မိုင်းထိပြီး ၁ ဦးသေဆုံး

Must read

သဲကုန်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပိုစတာလာဖြုတ်သည့် ရဲတပ်ဖွဲ့ဝင် ၃ ဦး မိုင်းထိပြီး ၁ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပိုစတာ လာဖြုတ် သည့် ရဲတပ်ဖွဲ့ဝင် ၃ ဦး မိုင်းထိပြီး ၁ ဦး သေဆုံးသွားကြောင်း ပဲခူးတိုင်း PDF မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန် သဲကုန်းမြို့နယ်၊ ပုတီး ကုန်း သွားသော တာဂွနှင့်ပွဲပြည့်ရွာလမ်းမပေါ်တွင် “စစ်ခွေးလုပ်မယ့် ရွေး ကောက်ပွဲ လူထုအားဖြင့် တွန်းလှန်ကြ” ပိုစတာကို လာရောက် ဖြုတ်ယူ သည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ပဲခူးတိုင်း PDF တပ်ရင်း ၃၆၀၁ ၊ တပ်ခွဲ ၃ တိုင်းလုံးကျော် အဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်မိုင်းဆွဲတိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ၁ ဦး ဦးခေါင်းထိမှန်သေဆုံးကြောင်း၊ ၁ ဦးအပြင်းအထန် ဒဏ်ရာရရှိကြောင်း သိရှိ ရသည်။

စစ်ကောင်စီတပ်ဖွဲ့များကိုအမြစ်ပြတ်ချေးမှုန်းတိုက်ခိုက်သွားမည်ဖြစ်၍ ပြည် သူ များအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိသည့်နေရာများကို ရှောင်တိမ်း သွားလာကြရန် ပဲခူးတိုင်း PDF က မေတ္တာရပ်ခံထားသည်။

အလားတူ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၆ နာရီ ၂၈ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လွတ်လပ်ရေးကျောက်တိုင်အနီးတွင် ပါဆယ်မိုင်းထောင် ထား ချိန် စစ်တပ်က စစ်ဆေးရန်ဝိုင်းအုံလာစဉ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ် က အပြင်းအထန်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော် များ မှာအထိခိုက်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက်မှု ရှိသည်ဟု သိရှိရသော်လည်း အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲ ဖြစ် ကြောင်း People’s Army To Fight Dictatorship(PAFD)၊ တပ်ခွဲDK PDF (MMU) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ဆင်ရေးအဖြစ် တိုက်ခိုက်မှုကို People’s Army To Fight Dictatorship (PAFD)၊ တပ်ခွဲDK PDF(MMU)၊ People’s knight Defense Force Myinmu (PKDF-MMU) TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU မဟာမိတ်အဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ နံနက် သဲကုန်းမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပိုစတာ ချိတ်ဆွဲထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article