34 C
Yangon

အကြမ်းဖက်စစ်အုပ်စုအလိုကျ CDM ကျန်းမာရေးဝန်ထမ်းများအပေါ် သတင်းပေးမှုများနှင့် ဖိနှိပ်တိုက်ခိုက်မှုများ ရပ်တန့်ရန် Non-CDM များကို ပြင်းထန်စွာသတိပေး

Must read

အကြမ်းဖက်စစ်အုပ်စုအလိုကျ CDM ကျန်းမာရေးဝန်ထမ်းများအပေါ် သတင်းပေးမှုများနှင့် ဖိနှိပ်တိုက်ခိုက်မှုများ ရပ်တန့်ရန် Non-CDM များကို ပြင်းထန်စွာသတိပေး

ရန်ကုန် ၊ ဇန်နဝါရီ ၉

Non-CDM များအနေဖြင့် CDM ကျန်းမာရေးဝန်ထမ်းများ အပေါ် အကြမ်းဖက်စစ်အုပ်စုအလိုကျ သတင်းပေးတိုင်ကြားမှုများနှင့် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ကြရန် ပြင်းထန်စွာ သတိပေးကြောင်း ကျန်းမာရေးအင်အားစုများမှ ထုတ်ပြန်သည်။

ငြိမ်းချမ်းစွာ အာဏာဖီဆန်ခဲ့ကြသော CDM ကျန်းမာရေးဝန်ထမ်းသူရဲကောင်းများကို အကြမ်းဖက်စစ်ကောင်စီက ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေသည်မှာ ယနေ့ထက်တိုင်ပင် ဖြစ်ကြောင်း အကြမ်းဖက် စစ်အုပ်စု ထောက်တိုင် Non-CDM. ကျန်းမာရေးဝန်ထမ်းများကလည်း စစ်ကောင်စီအလိုကျ၊ စစ်ကောင်စီနှင့် အလိုတူအလိုပါ CDM ကျန်းမာရေးဝန်ထမ်းများအပေါ် ဖိနှိပ်နေသည်မှာ သက်သေနှင့်တကွ အထင်အရှားဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခဲ့မှု အဆင့်အလိုက် Non-CDM ဝန်ထမ်းများကို ပြည်သူ့တရားစီရင်ရေး ဥပဒေများနှင့်အညီ ပြစ်မှုပြစ်ဒဏ်များ ချမှတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အကြိမ်ကြိမ်ထုတ်ပြန်သတိပေးထားသည့်ကြားမှ CDM. ကျန်းမာရေးဝန်ထမ်းများအပေါ် အကြမ်းဖက် စစ်အုပ်စုအလိုကျ ဆက်လက်ဖိနှိပ်နေမည်ဆိုပါက အလိုတော်ရိ အကြမ်းဖက်စစ်အုပ်စုထောက်တိုင် Non-CDMဝန်ထမ်းများကို လက်ပိုက်၍ ကြည့်နေတော့ မည်မဟုတ်ဘဲ အပြင်းထန်ဆုံး တုံ့ပြန်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကြောင့် Non-CDM များအနေဖြင့် CDM ကျန်းမာရေးဝန်ထမ်းများ အပေါ် အကြမ်းဖက်စစ်အုပ်စုအလိုကျ သတင်းပေးတိုင်ကြားမှုများနှင့် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ကြရန် ပြင်းထန်စွာ သတိပေးလိုသည်ဟု ဆိုသည်။

CDM ဝန်ထမ်းများကို အလုပ်အကိုင်အခွင့်အလမ်းများအပါအဝင် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိရောက်သော ကူညီထောက်ပံ့မှုများ ပေးအပ်ကြရန် ပြည်သူလူထုကို အထူးတိုက်တွန်းလိုပြီး တော်လှန်ရေးကို ဦးဆောင်လျက်ရှိကြသော အဖွဲ့အစည်းများအနေဖြင့်လည်း နိုင်ငံဝန်ထမ်း CDM မူဝါဒ (CDM policy) ကို နှောင့်နှေးခြင်းမရှိဘဲ အမြန်ဆုံး ဆုံးဖြတ်အတည်ပြု ပေးကြရန် အလေးအနက်တိုက်တွန်းလိုသည်ဟု ကျန်းမာရေးအင်အားစုများမှ ပူးပေါင်းထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်ကို ကျန်းမာရေးမိသားစု – မန္တလေး ၊ CDM ဆေးပညာကွန်ရက် ၊ ရန်ကုန်ဆေးပညာကွန်ရက်၊ ချင်းတွင်းဆေးပညာကွန်ရက် ၊ ကရင်နီသားဖွားဆရာမများရပ်ဝန်း၊ ကရင်နီသူနာပြုအစည်းအရုံး၊ ကရင်နီဆရာဝန်များရပ်ဝန်း CDM ကွန်ရက် ၊ CDM Network (Chin State) တို့ကပူးပေါင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article