28 C
Yangon

အကြမ်းဖက် စစ်အုပ်စု ဝါဒဖြန့်ရာမှာ အသုံးပြုနေတဲ့ အက်ပလီကေးရှင်းတွေကို အမြန်ဆုံးရပ်ဆိုင်းပစ်ဖို့ Apple နှင့် Google အပါအဝင် နိုင်ငံတကာနည်းပညာ ကုမ္ပဏီများအား တောင်းဆို

Must read

အကြမ်းဖက် စစ်အုပ်စု ဝါဒဖြန့်ရာမှာ အသုံးပြုနေတဲ့ အက်ပလီကေးရှင်းတွေကို အမြန်ဆုံးရပ်ဆိုင်းပစ်ဖို့ Apple နှင့် Google အပါအဝင် နိုင်ငံတကာနည်းပညာ ကုမ္ပဏီများအား တောင်းဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၃

အကြမ်းဖက် စစ်အုပ်စုရဲ့ အကြောင်းတွေကို ဝါဒဖြန့်ရာမှာ ပံ့ပိုးကူညီနေတဲ့ Application တွေကို Apple နဲ့ Google တို့အပါအဝင် နိုင်ငံတကာ နည်းပညာကုမ္ပဏီတွေအနေနဲ့ အသုံးပြုခွင့်ပေးနေခြင်းကို ရပ်ဆိုင်းဖို့ လှုပ်ရှားတောင်းဆိုမှုကို စတင်နေပါပြီ။

Apple နဲ့ Google တို့ဟာ Mytel နဲ့ MRTV အပါအဝင် စစ်ကောင်စီကို ပံ့ပိုးတဲ့ apps တွေကို ၎င်းတို့ ပလက်ဖောင်းတွေပေါ်မှာ အသုံးပြုခွင့်ပေးနေဆဲ ဖြစ်တာကြောင့် အမြန်ဆုံးရပ်တန့်ဖို့ လက်မှတ်ထိုး လှုပ်ရှားတောင်းဆိုမှုကို Justice for Myanmar အဖွဲ့က ဆော်ဩလို့နေပါတယ်။

လက်ရှိ Apple နဲ့ Google တို့ဟာ Mytel Pay အပါအဝင် Mytel Application များကို အသုံးပြုခွင့်ပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ MRTV မီဒီယာကွန်ရက်ကလည်း စစ်ကောင်စီရဲ့ ဝါဒဖြန့်မှု၊ အမုန်းစကားနဲ့ မဟုတ်မမှန် လုပ်ကြံပြောဆိုမှုများအတွက် အဓိကပလက်ဖောင်းတစ်ခု အဖြစ် ဆက်လက်လုပ်ကိုင်ခွင့်ရနေတာ ဖြစ်ပါတယ်။

စစ်တပ်ပိုင် Mytel မိုဘိုင်းကွန်ရက်ဟာ စစ်အုပ်စုအတွက် သိသာထင်ရှားတဲ့ ဝင်ငွေအရင်းမြစ်တစ်ခုသာမက စစ်ရေး ထောက်လှမ်းစောင့်ကြည့်ခြင်းရေး အတွက်ပါ အသုံးပြုနေတာဖြစ်ပါတယ်။

ဒါ့အပြင် တယ်လီဂရန် ချန်နယ်မှာလည်း စစ်တပ်ဝါဒဖြန့် အကောင့်များစွာရှိနေပြီး စစ်တပ်ရဲ့ ဝါဒဖြန့် ချန်နယ်အများစု follower ပေါင်းများစွာနဲ့ အားကောင်းနေတာဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီလို Application တွေအပါအဝင် စစ်ကောင်စီကို အားကောင်း အထောင်အပံ့ဖြစ်စေမယ့် ဝါဒဖြန့် Application များအသုံးပြုခွင့်ရနေတာကို အမြန်ဆုံးရပ်တန့်ဖို့ ပြည်သူများက ဝင်ရောက်လက်မှတ်ထိုး ပူးပေါင်းပေးဖို့ လိုအပ်နေတာပါလို့ အဆိုပါလှုပ်ရှားမှုကို ဦးဆောင်နေသူတွေက ဆိုပါတယ်။

Apple နဲ့ Google တို့အပါအဝင် နိုင်ငံတကာနည်းပညာကုမ္ပဏီတွေဟာ အကြမ်းဖက်စစ်အုပ်စုကို ပံ့ပိုးတဲ့ apps တွေ သူတို့ရဲ့ပလက်ဖောင်းပေါ်မှာ အသုံးပြုခွင့် ပေးနေတာတွေ ရပ်တန့်ဖို့ ယခုလက်မှတ်ရေးထိုး တောင်းဆိုလုပ်ရှားမှုမှာ ပါဝင်မယ်ဆိုရင် အောက်ဖော်ပြပါလင့်မှာ ဝင်ရောက်လက်မှတ်ရေးထိုး ပါဝင်နိုင်ပါတယ်။

https://bit.ly/3Ztmxs8
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article