28 C
Yangon

အင်တာပိုက NUG ၊ CRPH ၊ PDF တို့ကို နိုင်ငံတကာအကြမ်းဖက်များအဖြစ် မသတ်မှတ်မှု ပြည်ထဲ ရေး ဝန်ကြီး စိုးထွဋ် လျှို့ဝှက်အစည်းအဝေးတွင် ညဉ်းတွား၊ ပြည်ပမှ ငွေကြေးထောက်ပံ့မှုများ မတား ဆီးနိုင် သည့်အပြင် လူငယ်များ အတွေးအခေါ် လွဲမှား အစွန်းရောက်နေဟု အပြစ်တင်

Must read

အင်တာပိုက NUG ၊ CRPH ၊ PDF တို့ကို နိုင်ငံတကာအကြမ်းဖက်များအဖြစ် မသတ်မှတ်မှု ပြည်ထဲ ရေး ဝန်ကြီး စိုးထွဋ် လျှို့ဝှက်အစည်းအဝေးတွင် ညဉ်းတွား၊ ပြည်ပမှ ငွေကြေးထောက်ပံ့မှုများ မတား ဆီးနိုင် သည့်အပြင် လူငယ်များ အတွေးအခေါ် လွဲမှား အစွန်းရောက်နေဟု အပြစ်တင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မင်းအောင်လှိုင်၏ လက်ရုံး ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က NUG ၊ CRPH ၊ PDF တို့ကို နိုင်ငံတကာအကြမ်း ဖက်အုပ်စုအဖြစ် သတ် မှတ် ကြေညာနိုင်ရန် ကြိုး စား နေသော်လည်း အပြည်ပြည်ဆိုင်ရာ ရဲ တပ်ဖွဲ့ ( INTERPOL) က ပြည် တွင်းရေး ကိစ္စသာဖြစ်သည်ဟု မှတ်ချက်ပြု၍ မကြေညာနိုင်ကြောင်း စိတ်ပျက်လက်ပျက် ညဉ်းတွားပြောဆိုကြောင်း သိရှိရသည်။

နေပြည်တော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အရိန္နမာ ခန်းမတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ လျှို့ဝှက်ပြုလုပ်ခဲ့သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ အစည်း အဝေး အမှတ် ၁ / ၂၀၂၂ တွင် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က ထိုသို့ ပြောဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။

“လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများသည် ပြည်တွင်းရေး ကိစ္စသာဖြစ်သည်ဟု ထုတ်ပြန်ထားသည့် မူဝါအရ CRPH၊ NUG နှင့် အမည်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသော PDFs များကို နိုင်ငံတကာ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်နိုင်ရန် ဆောင်ရွက်မှု မပြုသေးခြင်းဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီ ထုတ်ပြန်ကြေညာထားမှုများနှင့် ၎င်းတို့၏ ဆောင်ရွက်ချက်များကို သံရုံး/သံတမန်များ၊ အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်း အဖွဲ့အစည်း၊ အာဆီယံ၊ အာဆီယံရဲတပ်ဖွဲ့၊ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့(INTERPOL) တို့ကို သတင်းဖလှယ်ပေးပို့ လျက် ရှိပါကြောင်း” ဟု စိုးထွဋ်က အစည်းအဝေးတွင် ပြောဆိုသည်။

ယခင်က PDF များသည် ဒေသန္တရလုပ် လက်နက်များ အသုံးပြုခဲ့ရာမှ လက်ရှိအချိန်တွင် မောင်းပြန် လက်နက်များ၊ ဖောက်ခွဲရေးပစ္စည်းများ၊ ရှော့တိုက်ဒုံးများ အထိ အသုံးပြု တိုက်ခိုက်လာကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် နိုင်ငံတွင်းမှ လူငယ်များသည် အကြောင်းအရာတစ်ခုကြောင့် အကြမ်း ဖက်သမား (စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးသမား) အသွင် ချက်ချင်းပြောင်းလဲ လုပ်ဆောင်သွားနိုင်ကြောင်း၊ မြန်မာလူငယ်များ အကြား ပြောင်းလဲလာသည့် နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် နည်းပညာ တိုးတက်မှုများအပေါ် လက်ခံယုံကြည်မှု ပုံစံများ မတူညီကြဘဲ အယူအဆအမျိုးမျိုး ကွဲပြားနေသည်ကို တွေ့ရကြောင်း၊ ယခုကဲ့သို့ မတူညီသည့် အယူအဆများမှတစ်ဆင့် တွန်းလှန်ပြောင်းလိုသည့် အယူဝါဒများ ပြင်းထန်လာကြောင်း၊ ယင်းမှတစ်ဆင့် အစွန်း ရောက်မှု နှင့် အကြမ်းဖက်မှု၊ အကြမ်းဖက် သမားများ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း၊ အကြမ်း ဖက်မှုသည် လက်နက်ကိုင်တွယ်ခြင်းမှ စတင်ခြင်းမဟုတ်ဘဲ အယူအဆ၊ အတွေးအခေါ် လွဲမှားမှု၊ အစွန်း ရောက်မှုတို့မှ တစ်ဆင့် စတင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

လူငယ်များ အစွန်းရောက်မှုများမှာလည်း သတင်းအမှားများ၊ သတင်းအတုများကြောင့်ဖြစ်ပြီး ယင်းသတင်းမှား သတင်းတုများကို တိုက်ဖျက်ရေး ထိရောက်မှသာဖြစ်မည်ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ငွေကြေးထောက်ပံ့မှုများကို ဖော်ထုတ်ရာတွင် ပြည်တွင်းနှင့်ပြည်ပ နှစ်ခုလုံးကို ထိထိရောရောက် တားဆီးနိုင်ရန် လိုအပ် ကြောင်း၊ ပြည်ပနိုင်ငံများမှ စီးဆင်းနေသည့် ငွေကြေးထောက်ပံ့မှုများကို စုံစမ်း ဖော်ထုတ်နိုင်ရန် သတင်းအချက်အလက် ရရှိရေးနှင့် တားဆီးဆောင်ရွက်နိုင်ရေး မှာ အား နည်း လျက်ရှိကြောင်း ၊ ငွေကြေးထောက်ပံ့မှုများ ထိန်းချုပ်တားဆီးနိုင်ရေး ဒုဝန်ကြီး ဦး ဆောင်သော လုပ်ငန်းအဖွဲ့ ၆ ခု ဖွဲ့စည်းထားပြီး ပြင်ဆင်ဖွဲ့စည်းသင့်သည်များကို ထပ်မံ ဖွဲ့စည်းရန် လိုအပ်ပါ ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အကြံပြုကြစေလိုကြောင်း ၎င်းက ပြောဆိုသွားသည်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်၏ လက်ရုံး အကြမ်းဖက် ဖက်ဆစ် စိုးထွဋ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article