28 C
Yangon

အန္ဒိယပိုင်နက်တွင် ဗုံးကျရောက်မှု မီဇိုရမ်ပြည်နယ် NGO ပူးပေါင်းညှိနှိုင်းရေး ကော်မတီက ပြင်းထန်စွာရှုတ်ချပြီး မြန်မာစစ်တပ်ကို အရေးယူရန် အိန္ဒိယအစိုးရကို တိုက်တွန်း

Must read

အန္ဒိယပိုင်နက်တွင် ဗုံးကျရောက်မှု မီဇိုရမ်ပြည်နယ် NGO ပူးပေါင်းညှိနှိုင်းရေး ကော်မတီက ပြင်းထန်စွာရှုတ်ချပြီး မြန်မာစစ်တပ်ကို အရေးယူရန် အိန္ဒိယအစိုးရကို တိုက်တွန်း

ရန်ကုန်၊ ဇန်နဝါရီ ၁၄

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အိန္ဒိယပိုင်နက်အတွင်း ဗုံးကျရောက် ခဲ့မှုနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ် NGO ပူးပေါင်းညှိနှိုင်းရေးကော်မတီက ပြင်းထန်စွာ ရှတ်ချပြီး အန္ဒိယအစိုးရအနေဖြင့် မြန်မာအကြမ်းဖက်စစ်တပ်ကို ချက်ချင်းအရေးယူပေးဆောင်ရွက်ရန် တိုက်တွန်းကြောင်း ဇန်နဝါရီလ ၁၃ ရက် နေ့စွဲဖြင့် တရားဝင်ကြေညာချက် ထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီလေတပ်က အန္ဒိယပိုင်နက် နယ် မြေအတွင်း နှစ်ကြိမ်တိုင် ဗုံးကျဲချတိုက်ခိုက်မှုနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ် NGO ပူးပေါင်းညှိနှိုင်ရေး ကော်မတီက ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အရေးပေါ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာအကြမ်းဖက်စစ်ကောင်စီလေတပ်က အိန္ဒိယပိုင်နက် နယ်မြေအများအတွင်း ဥပဒေချိုးဖောက် ဝင်ရောက် ခြင်း၊ ဗုံးကျဲခြင်းကို မီဇိုရမ်ပြည်နယ် NGO ပူးပေါင်း ညှိနှိုင်းရေး ကော်မတီက ပြင်းထန်စွာရှုတ်ချကြောင်း ၊ အိန္ဒိယနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရန် အိန္ဒိယအစိုးရကို တောင်းဆို လိုက်ကြောင်း သိရှိရသည်။

တချိန်တည်းမှာပင် ယင်းကိစ္စရပ်အား အချိန်မဆိုင်းဘဲ အရေးယူဆောင်ရွက်ရန် အိန္ဒိယ ပြည်ထောင်စု ပြည်ထဲရေး ဝန်ကြီးထံသို့ လိပ်မူအကြောင်းကြားကာ တိုက်တွန်းသွားမည်ဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် NGO ပူးပေါင်း ညှိနှိုင်းရေးကော်မတီက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article