31.9 C
Yangon

အမေရိကန်အစိုးရက စစ်ကောင်စီ၏ စွမ်းအင်ဝန်ကြီး မျိုးမြင့်ဦး၊ MOGE အရာ ရှိ ၂ ဦး ၊ အမှတ် ၁ နှင့် အမှတ် ၂ သတ္တုတွင်းလုပ်ငန်း၊ ၊ ရွေးကောက် ပွဲကော် မရှင် တို့ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူ

Must read

အမေရိကန်အစိုးရက စစ်ကောင်စီ၏ စွမ်းအင်ဝန်ကြီး မျိုးမြင့်ဦး၊ MOGE အရာ ရှိ ၂ ဦး ၊ အမှတ် ၁ နှင့် အမှတ် ၂ သတ္တုတွင်းလုပ်ငန်း၊ ၊ ရွေးကောက် ပွဲကော် မရှင် တို့ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူ

ရန်ကုန်၊ ဇန်နဝါရီ ၃၁

အမေရိကန်အစိုးရက အာဏာသိမ်း စစ်ကောင်စီ၏ စွမ်းအင်ဝန်ကြီး မျိုးမြင့်ဦး၊ မြန်မာ့ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်းMOGE မှ အရာရှိ ၂ ဦး ၊ အမှတ် ၁ နှင့် အမှတ် ၂ သတ္တုတွင်းလုပ်ငန်း၊ ရွေး ကောက် ပွဲကော်မရှင်တို့ကို ဒဏ်ခတ်ပိတ်ဆို့ အရေး ယူ ကြောင်း ယနေ့ ထုတ် ပြန် ကြေညာသည်။

မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE သည် စစ်တပ်အတွက် အဓိ က ဝင်ငွေရှာပေးနေသော လုပ်ငန်းဖြစ်ပြီး အဆိုပါ ဌာန၏ ဦးဆောင် ညွှန်ကြား ရေးမှူး နှင့် ဒုတိယဦးဆောင်ညွှန်ကြားရေးမှူးတို့ကို အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့ အရေးယူကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။ သို့ရာတွင် MOGE ဌာနကိုမူ အမေရိကန်က အရေးယူမှု မရှိသေးပေ။

ထို့ပြင် စစ်ကောင်စီအတွက် စွမ်းအင်လုပ်ငန်းများ၊ ပြည်တွင်းပြည်ပ ရေနံနှင့် သဘာ၀ဓာတ်ငွေ့ ထုတ်လုပ်ရေး တင်ပို့ ရောင်းချရေးတွင် ဦးစီး ဆောင်ရွက် နေ သော စွမ်းအင်ဝန်ကြီး မျိုးမြင့်ဦးကိုလည်း ဒဏ်ခတ် ပိတ်ဆို့ အရေးယူ လိုက် ကြောင်း သိရှိရသည်။

အမေရိကန်အစိုးရအနေဖြင့် စစ်တပ်လက်အောက်ရှိ အမှတ် ၁ သတ္တုတွင်း လုပ်ငန်း၊ အမှတ် ၂ သတ္တုတွင်းလုပ်ငန်းတို့ကိုလည်း ပိတ်ဆို့ ဒဏ်ခတ် အရေးယူ လိုက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုလည်း ဒဏ်ခတ်ပိတ်ဆို့ အရေးယူသည့်စာရင်းတွင် ထည့်သွင်းလိုက်ကြောင်း သိရှိရသည်။

အမေရိကန်အစိုးရအနေဖြင့် မြန်မာစစ်တပ် အရာရှိများနှင့် စစ်တပ်အရာရှိ ဟောင်း များကို ဆက်လက် ပစ်မှတ်ထားအရေးယူမည်ဖြစ်‌ပြီး ၎င်းတို့သည် အရပ်သားများ သေဆုံးစေခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများတွင် ပါဝင် ပတ်သက် သူများဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်သော စစ်ကောင်စီခန့် စွမ်းအင်ဝန်ကြီး မျိုးမြင့်ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article