31.9 C
Yangon

အမြန်လမ်းတွင် ပစ်ခတ်ခံရပြီး သေဆုံးသော စစ်ထောက်လှမ်းရေး ဗိုလ်မှူး သန်းထွဋ် နှင့် တပ်ကြပ် ကြီး မြင့်အောင် အလောင်းများ၊ မီးရှို့ခံထားရသော ကား တို့ ကို စစ်တပ်က ပြန်သယ် သွား၊ ပစ်ခတ်မှုဖြစ်သည့်နေရာတွင် စစ်တပ် ချထား

Must read

အမြန်လမ်းတွင် ပစ်ခတ်ခံရပြီး သေဆုံးသော စစ်ထောက်လှမ်းရေး ဗိုလ်မှူး သန်းထွဋ် နှင့် တပ်ကြပ် ကြီး မြင့်အောင် အလောင်းများ၊ မီးရှို့ခံထားရသော ကား တို့ ကို စစ်တပ်က ပြန်သယ် သွား၊ ပစ်ခတ်မှုဖြစ်သည့်နေရာတွင် စစ်တပ် ချထား

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သော အမှတ် ၁ စစ် ဘက် ရေးရာလုံခြုံ ရေးအကူတပ် စစ်ကြောရေးတာဝန်ခံ စရက (၁) တပ်မှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး သန်းထွဋ် နှင့် တပ်ကြပ်ကြီး မြင့်အောင်တို့၏ အလောင်း များ၊ မီးရှို့ခံရသော ကားများကို စစ်တပ်က ပြန်လည် သယ်ယူသွား ပြီဖြစ် ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်၌ ရန်ကုန် – မန္တလေး အမြန် လမ်း မိုင်တိုင် ၁၆၁ အနီးတွင် UG တော်လှန် ရေးရဲဘော်များကို အသွင် ယူကာ စုံစမ်းဖမ်းဆီးလျက်ရှိသော ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဒုဗိုလ် မှူးကြီး/ ဗိုလ်မှူး သန်းထွဋ် နှင့် တပ်ကြပ်ကြီးမြင့်အောင်တို့ကို တောင် ငူ ခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၆တို့မှ ပူးပေါင်းအဖွဲ့က အသေ ပစ် ခတ် ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

“ဗိုလ်မှူး သန်းထွဋ်ကားကို ကျနော်တို့ မီးရှို့လိုက်တယ်။ ကားထဲက စာရွက်မှာ ဖမ်းဆီးထားတဲ့ လူဦးရေနဲ့ လက်နက်စာရင်းရတယ်။ နောက်တစ်စီးက ဘီး ပေါက် ကျန်ခဲ့လို့ လွတ်သွားတာ ။ အခုတော့ ဗိုလ်မှူးအလောင်းနဲ့ တပ်ကြပ် ကြီး အလောင်းပြန်ကောက်သွားပြီ ။ မီးရှို့လိုက်တဲ့ကားကိုလည်းရဲ စခန်းသယ် သွားပြီ။ အခု အဲဒီနေရာမှာ စစ်ခွေး ၁၀၀ ကျော်နဲ့ လုံခြုံရေးချထားတယ်။ အခု ထက်ထိ ရှိနေသေးတယ်” ဟု စစ်ဆင်ရေးတွင် ပါဝင်ခဲ့သော ရေတာရှည် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်ကြက်သွန်က ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုသည်။

သေဆုံးသွားသော ဗိုလ်မှူးသန်းထွဋ်ထံမှ ရရှိသော စာရင်းများအရ အာဏာ သိမ်းချိန် မှစတင်၍ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့အထိ စစ် ကောင် စီက UG အဖွဲ့များအဖြစ် အသွင်ယူ၍ ဖမ်းဆီးထားသူ ၁၁၅၅ ဦး၊ ပစ္စတို ၁၂၂ လက်၊ ရိုင်ဖယ်မျိုးစုံ ၁၄၉ လက်၊ သေနတ်ကျည်ခဲယမ်းမျိုးစုံ ၂၈၈၆၃ တောင့်၊ ဖောက်ခွဲရေး ၁၀၁၁ လုံး ၊ ဆက်စပ်ပစ္စည်းမျိုးစုံ ၆၀၇ ခု ဖမ်းဆီးနိုင်ခဲ့ သည်ဟု ရေးသားထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article