37 C
Yangon

အမြန်လမ်းတွင် ရှင်းလင်းခံရသော ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး သန်းထွဋ်နှင့် တပ်ကြပ်ကြီး မြင့်အောင် တို့မှာ UG အသွင်ယူ၍ တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးသူများဖြစ်ပြီး ကိုဖြိုးဇေယျာသော်နှင့် ကိုဂျင်မီကို ဖမ်းဆီးရာတွင် အဓိက ဦးဆောင်ခဲ့ကြ

Must read

အမြန်လမ်းတွင် ရှင်းလင်းခံရသော ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး သန်းထွဋ်နှင့် တပ်ကြပ်ကြီး မြင့်အောင် တို့မှာ UG အသွင်ယူ၍ တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးသူများဖြစ်ပြီး ကိုဖြိုးဇေယျာသော်နှင့် ကိုဂျင်မီကို ဖမ်းဆီးရာတွင် အဓိက ဦးဆောင်ခဲ့ကြ

ရန်ကုန်၊ ဇန်နဝါရီ ၂၃

အမြန်လမ်းတွင် ရှင်းလင်းခံရသော ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး သန်းထွဋ်နှင့် တပ်ကြပ်ကြီးမြင့်အောင် တို့မှာ UG အသွင်ယူ၍ တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးသူများဖြစ်ပြီး ကိုဖြိုးဇေယျာသော်နှင့် ကိုဂျင်မီကို ဖမ်းဆီးရာတွင် အဓိက ဦးဆောင်ခဲ့ကြသူများဖြစ်ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ အမြန်လမ်းတွင် ရှင်းလင်းခံရသည့် တပ်ကြပ်ကြီးမြင့်အောင်သည် ဇန်နဝါရီလ ၁၇ ရက်နေ့ ရန်ကုန်ခေတ်သစ်က တင်ပြခဲ့သော အမှတ် ၁ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အကူတပ်၏ အသွင်ယူ ဖမ်းဆီးမှုဆိုင်ရာ အစီရင်ခံစာတွင် အဓိက အခန်းကဏ္ဍနေရာမှ ပါဝင်ခဲ့ကြောင်း တွေ့ရှိရသည်။

အမှတ် ၁ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အကူ တပ်သည် ရန်ကုန်မြို့ရှိ စစ်အာဏာရှင် ဆန့် ကျင် ရေး UG များ၊ တော်လှန်ရေးအဖွဲ့များကို အသွင်ယူခြင်း ဖြင့် လည်းကောင်း၊ ဖမ်းဆီးရမိသော တော်လှန်ရေးရဲဘော်များကို စည်းရုံး၍ လည်းကောင်း ပုံစံမျိုးစုံ နည်းလမ်းမျိုးစုံ အသုံးပြု ၍ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခဲ့ရာတွင် အဓိက တာဝန်ရှိသည့် တပ်လည်းဖြစ်သည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ဇန်နဝါရီလ ၁၇ ရက်နေ့က ဖော်ပြခဲ့သည့် အမှတ် ၁ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အကူတပ်၏ အသွင်ယူ ဖမ်းဆီးမှုဆိုင်ရာ အစီရင်ခံစာတွင် တပ်ကြပ်ကြီးမြင့်အောင်( ယခု သေဆုံး) ၏ ပါဝင်မှု အခန်းကဏ္ဍနှင့် အမှတ် ၁ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အကူတပ်၏ လှုပ်ရှားမှုများကို သိရှိနိုင်ရန် ပြန်လည် ဖော်ပြအပ်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article