33 C
Yangon

“အရည်အချင်းမရှိဘဲ ဘာကြောင့် သမ္မတ ဖြစ်သင့်တာလဲ” ဟု မင်းအောင်လှိုင် ကို အင်ဒိုနီးရှား ဝန်ကြီး ဗိုလ်ချုပ်ကြီးဟောင်း Luhut Panjaitanက မေးခွန်း ထုတ်၊ အင်ဒိုနီးရှားစစ်တပ်ကို နမူနာ ယူရန် တိုက်တွန်း

Must read

“အရည်အချင်းမရှိဘဲ ဘာကြောင့် သမ္မတ ဖြစ်သင့်တာလဲ” ဟု မင်းအောင်လှိုင် ကို အင်ဒိုနီးရှား ဝန်ကြီး ဗိုလ်ချုပ်ကြီးဟောင်း Luhut Panjaitanက မေးခွန်း ထုတ်၊ အင်ဒိုနီးရှားစစ်တပ်ကို နမူနာ ယူရန် တိုက်တွန်း

ရန်ကုန်၊ ဇန်နဝါရီ ၁၉

မြန်မာနိုင်ငံမှ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် “အရည် အချင်းမရှိဘဲ ဘာ ကြောင့် သမ္မတဖြစ်သင့်တာလဲ” ဟု အင်ဒိုနီးရှားအစိုးရ၊ ရေ ကြောင်း နှင့် ရင်းနှီးမြှုပ်နှံဆိုင်ရာ ဝန်ကြီး လည်းဖြစ်၊ အင်ဒိုနီးရှား တပ်မတော် မှ ဗိုလ်ချုပ်ကြီးဟောင်းလည်း ဖြစ်သူ Luhut Panjaitan က မေးခွန်း ထုတ်လိုက် ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စီးပွားရေး ပိတ်ဆို့အရေးယူမှုများနှင့် ပြည်တွင်းစစ်များ ပိုမိုဆိုးရွား လာခြင်း ကြောင့် ယိုယွင်းနေသည့် နိုင်ငံကို အရည် အချင်းပြည့်မီသော ခေါင်းဆောင် များ အုပ်ချုပ်ခွင့် ပေးရန်နှင့် မြန်မာ စစ်တပ် အနေဖြင့် နိုင်ငံရေးမှ နောက်ပြန်ဆုတ်ရန် အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီး ဟောင်းက တိုက်တွန်းသည်။

မြန်မာစစ်တပ်အနေဖြင့် အင်ဒိုနီးရှား၏နမူနာကို ယူသင့်ကြောင်း၊ အင်ဒိုနီးရှား တွင် စစ်တပ်က လွန်ခဲ့သောဆယ်စုနှစ်များအတွင်း နိုင်ငံရေးမှ ဆုတ်ခွာသွား သည့် လမ်းကြောင်း လိုက်နာသင့်ကြောင်း ၎င်းက ဆိုသည်။

“အစိုးရမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေအများကြီးရှိပါတယ်။ ဒါပေ မယ့် အရည်အချင်း မပြည့်မီရင်တော့ မင်း ဘာကြောင့် သမ္မတ ဖြစ်သင့်တာလဲ။ အင်ဒိုနီးရှား နမူနာကို ယူပြီး မြန်မာ နိုင်ငံကို အရည်အချင်းပြည့်မီတဲ့ ခေါင်း ဆောင် ကို အုပ်ချုပ်ခွင့်ပေးလိုက်ပါ” ဟု ဆွစ်ဇာလန်တွင်ပြု လုပ် သည့် ကမ္ဘာ့ စီးပွား ရေးဖိုရမ်တွင် မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ရည်ညွှန်း၍ အင်ဒိုနီးရှား ဝန်ကြီး က ထောက်ပြ ပြောဆိုသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ၁၉၆၆ ခုနှစ် အာဏာသိမ်းခဲ့သော စစ်ဗိုလ်ချုပ်ဟောင်း ဆူ ဟာ တိုကို ၁၉၉၈ ခုနှစ်တွင် ဖြုတ်ချပြီးနောက် ဒီမိုကရေစီသို့ ပြန်လည် ရောက် ရှိခဲ့ပြီး အင်ဒိုနီးရှား စစ်တပ်သည် နိုင်ငံ ရေးမှ လုံး၀ ထွက်ခွာသွားခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article