37 C
Yangon

အရာတော်တွင် စစ်တပ် ဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်၊ တန့်ဆည်တွင် စစ်တပ် ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦး ထိခိုက်သေဆုံး

Must read

အရာတော်တွင် စစ်တပ် ဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်၊ တန့်ဆည်တွင် စစ်တပ် ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦး ထိခိုက်သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၇ မိနစ်တွင် အရာတော်မြို့ အနောက်ဘက် အထွက်လမ်းမ ပေါ်ရှိ စက်မှု လယ်ယာ အကြမ်းဖက် စစ်တပ်ဂိတ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက Drone ဖြင့် ၂ ကြိမ် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” ဗုံးသီးချ တိုက်ခိုက်မှု အပြီးမှာ စစ်ခွေးတွေက လမ်းကြိုလမ်းကြားတွေအထိ လိုက်လံပြီး သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်။ အရာတော်မြို့က လူနာတင်ကား ၁ စီး ရောက်ရှိလာပြီး ဒဏ်ရာ အပြင်းအထန် ရသွားတဲ့ စစ်သား ၃ ဦးကို ဆေးကုပေးနေ​တယ်လို့ သိရတယ်။ စစ်ခွေး ၃ ကောင် သေမသေတော့ အခုထိ အတည်မပြုနိုင်သေးဘူး” ဟု Danger Force LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Danger Force LPDF၊ Ngwe Dwin Revolution Force(NDRF)နှင့် MRTF တပ်ဖွဲ့ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းကို PDF တပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦး ထိခိုက် သေဆုံးမှုရှိကြောင်း တန့်ဆည် PDF တပ်ဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် တန့်ဆည်မြို့နယ်၊ အက်တောရွာအနီးရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းနှင့် တန့်ဆည် PDF ရွှေဘိုခရိုင်တပ်ရင်း ၇ ကင်းပုန်းတို့ ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်သား ၂ ဦး ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article