32 C
Yangon

အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည် ဖော်ရန် မြန်မာ စစ်တပ်ကို အင်ဒိုနီးရှားနှင့်မလေးရှားက တိုက်တွန်းဟု အင်ဒိုသမ္မတ ပြော

Must read

အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည် ဖော်ရန် မြန်မာ စစ်တပ်ကို အင်ဒိုနီးရှားနှင့်မလေးရှားက တိုက်တွန်းဟု အင်ဒိုသမ္မတ ပြော

ရန်ကုန်၊ ဇန်နဝါရီ ၁၀

မြန်မာနိုင်ငံအနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင် အထည် ဖော်ရန် အင်ဒိုနီးရှားနှင့်မလေးရှားကတိုက်တွန်းဟု အင်ဒိုသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောဆိုလိုက်သည်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် မလေးရှား ဝန်ကြီးချုပ် အန်နဝါတို့ အင်ဒိုနီး ရှား နိုင်ငံတွင် တွေ့ဆုံစဉ် ယင်းသို့ တိုက်တွန်း လိုက်ခြင်းဖြစ်သည်။

“မြန်မာအရေးနဲပတ်သက်လို့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အ ကောင် အထည်ဖော်မှုက အရေးကြီးပါတယ်။ဒီဘုံသဘောတူညီချက်ကို အ ကောင် အ ထည်ဖော်ဖို့ အင်ဒိုနီးရှားနဲ့ မလေးရှားမှာ တူညီနဲ့ အမြင် သဘော ထားရှိပြီးတော့ မြန်မာစစ်တပ်အနေနဲ့ဒါကို လုပ်ဆောင်ဖို့ တိုက်တွန်း ပါတယ်” ဟု အင်ဒိုနီးရှားသမ္မတက ပြောဆိုသည်။

ပြည်သူ ထောင်သောင်းချီကို ဖမ်းဆီးချုပ်နှောင်ထားသော အကြမ်းဖက် မြန်မာ စစ် ကောင်စီက အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင် အထည် ဖော်ခြင်းမရှိသည့်အပြင် အတုအယောင်ရွေးကောက်ပွဲကိုလည်း ကျင်းပရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article