32.1 C
Yangon

ဧရာဝတီတိုင်းတွင် ကျေးရွာတစ်ခုလျှင် ရွာသား ၁၀ ဦး စစ်မှုထမ်းရန် စစ် တပ်က တောင်းခံနေပြီး မပေးလျှင် ရွာကို မီးရှို့မည်ဟု ခြိမ်းခြောက်၊ ဟုမ္မလင်းတွင်လည်း စစ်တပ်က ပေါ်တာဆွဲ

Must read

ဧရာဝတီတိုင်းတွင် ကျေးရွာတစ်ခုလျှင် ရွာသား ၁၀ ဦး စစ်မှုထမ်းရန် စစ် တပ်က တောင်းခံနေပြီး မပေးလျှင် ရွာကို မီးရှို့မည်ဟု ခြိမ်းခြောက်၊ ဟုမ္မလင်းတွင်လည်း စစ်တပ်က ပေါ်တာဆွဲ

ရန်ကုန်၊ ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်း ငပုတောမြို့နယ်ရှိ ကြာကန်ကျေးရွာ၊ မကျီးပင်ကျေးရွာ၊ ချောင်း ဖျားစု ကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီက ရွာတစ်ရွာလျှင် ရွာသား ၁၀ ယောက်စီ စစ်မှုထမ်းရန် ပေးရမည်ဟု ခြိမ်းခြောက် တောင်းဆိုနေပြီး မပေး လျှင် ရွာကို မီးရှို့မည်ဟု ဆဲဆို ခြိမ်းခြောက်နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“ တစ်ရွာ ၁၀ ဦး လူအင်အား မပေးရင် မဲနှိုက်ခေါ်မယ်တို့၊ ပြီးရင် ရွာတွေဝင်ပြီး မီးရှို့မယ်၊ သတ်ပစ်မယ်ဆိုပြီး စစ်တပ်က တောင်းနေတယ်။ ဆဲဆိုခြိမ်း ခြောက်နေတာပါဗျ။ ရွာလူကြီးတွေလည်း ထွက်ပြေးစရာ နေရာမရှိတော့ စိတ် ညစ်နေကြရပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စစ်တပ်က ၎င်းတို့ အလိုကျ ခိုင်းရာလုပ်မည့် ပြည်သူ့စစ်ဖွဲ့ရန်အတွက် တစ်ရွာလျှင် လူ ၁၀ ဦး တောင်းဆိုနေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ ၏ ခြိမ်းခြောက်တောင်းဆိုနေကြခြင်းကြောင့် ရွာသားများမှာ စိုးရိမ်မှုများစွာရှိနေကြကြောင်း သိရှိရသည်။

“ရွာတွေထဲမှာ ဆူညံပွက်လောရိုက်နေကြပါတယ်။ ရွာထဲမှာ ၄၀ ကျော် ၅၀ ကျော် လူကြီးတွေက အဲ့ရွာတွေမှာ ကယ်ရီဆွဲပြီး လုပ်ကိုင်စားသောက်နေကြ ရတာပါ။ လူငယ်တွေကတော့ ပုသိမ်မြို့ပေါ် ထွက်ပြေးနေကြပါပြီ” ဟု ဒေသ ပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ထိုသို့ ကျေးရွာများကို စစ်တပ်က ခြိမ်းခြောက်၍ ရွာသားများကို အတင်းအဓမ္မ ခြိမ်းခြောက်နေကြောင်း၊ ငပုတောမြို့နယ်တွင်းရှိ ကျေးရွာများ အပြင် ချောင်းဝ အု ပ်စုတွင် ပါသည့် ရွာများနှင့် ပင်လယ်အစပ်ရှိ ရေလုပ်ငန်းလုပ်သည့် ရွာမှန် သမျှ စစ်တပ်၏ ခြိမ်းခြောက်မှု ခံနေရကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် SNA ရှမ်းနီတပ်မတော်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်များက လူငယ်များကို စစ်မှုထမ်းရန် အတင်းအ ကျပ် ဖိအားပေး တောင်းဆိုနေကြောင်း သိရှိရသည်။

“စစ်ခွေးတွေနဲ့ ရှမ်းနီတွေက အတင်းအဓမ္မလူတောင်းနေတယ်။ ဟုမ္မလင်း ၊ သဖန်းကုန်း ကျေးရွာ မှာ SNA ရှမ်းနီတပ်မတော်က ရွာထဲဝင်‌ြီး လူတောင်း နေတယ်။ ကျေးရွာအုပ်ကြီးတွေ အတင်းခန့်နေတယ်။ ရွာဦးကျောင်း ဆရာ တော်ကို သေနတ်နဲ့ထောက်ပြီး စစ်မှုထမ်းဖို့ ပေါ်တာဆွဲခိုင်းဖို့ ရွာသားတွေကို တောင်းနေတာ” ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့်အစပ် ကသာ ၊ ကောလင်း၊ ထီးချိုင့်၊ ဝန်းသိုတို့တွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားနေသဖြင့် ကျေးရွာသားများကို စစ်မှုထမ်းများအဖြစ် အတင်းအဓမ္မစုဆောင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဧရာ၀တီတိုင်းတွင် ကင်းလှည့်နေသည့် အကြမ်းဖက်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article