40.9 C
Yangon

၈၁ မမ ဒရုန်း ဗုံးသီးများ အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီး အမြောက် အမြား ထုတ်လုပ်နိုင် ရေး ငွေကျပ် သိန်း ၅၀၀ ကမ်ပိန်းတွင် ပြည်သူများ ကူညီကြရန် နှိုးဆော်

Must read

၈၁ မမ ဒရုန်း ဗုံးသီးများ အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီး အမြောက် အမြား ထုတ်လုပ်နိုင် ရေး ငွေကျပ် သိန်း ၅၀၀ ကမ်ပိန်းတွင် ပြည်သူများ ကူညီကြရန် နှိုးဆော်

ရန်ကုန်၊ ဇန်နဝါရီ ၄

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် D.M.O PDF Drone တပ်ဖွဲ့က Drone ဗုံးသီးများကို ကိုယ်ပိုင် အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း၊ ဆက်လက်ထုတ်လုပ်နိုင်ရန် ငွေကြေးအကူ အညီများလိုအပ်နေကြောင်း D.M.O PDF Drone တပ်ဖွဲ့က ရန်ကုန် ခေတ် သစ်သတင်းဌာနသို့ ပြောကြားသည်။

“လက်ရှိမှာ တပ်ဖွဲ့အနေနဲ့ Drone ဗုံးသီးကို အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီ ဖြစ်ပါတယ်။ ဆက်လုပ်ထုတ်လုပ်နိုင်ဖို့ ငွေကြေးအကူအညီလိုအပ်တာကြောင့် ကမ်းပိန်းလေး ခေါ်ချင်တာပါ ။ အခုစတင်ထုတ်လုပ်ဖို့ ကမ်ပိန်း ပြုလုပ် မှာဖြစ်ပါတယ်” ဟု D.M.O PDF မှ ထောက်ပို့တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

ဒရုန်း ဗုံးသီး ကမ်ပိန်းတွင် ပါဝင်လှူဒါန်းရန်နှင့် အသေးစိတ် သိလိုပါက ပြည်သူများအနေနှင့် D.M.O PDF ဒရုန်းတပ်ဖွဲ့၏ Facebook အကောင့် – https://www.facebook.com/PeopleDefenseDroneSquadron/posts/pfbid032cT3o81kBeTyEBn6Wm5KWdTgUSkMELrhfNtrHdBg7kSJKe3eEye1BqNyAwFtZtHql မှ တစ်ဆင့် တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်မည် ဖြစ်သည်။

D.M.O PDF အနေဖြင့် ၂၀၂၁ ခုနှစ် ၁၀ လပိုင်းမှ စတင်၍ နယ်ပယ်အသီးသီးမှ တတ်ကျွမ်းသည့် နည်းပညာဆရာများကို ဖိတ်ကြား၍ ရဲဘော် ၂၀ ဦးကို Drone မောင်းနှင်ခြင်းနှင့် ပတ်သက်သည့် နည်းပညာများကို စတင် သင်ကြားစေ ခဲ့ကြောင်း၊ Drone ဖြင့် ချသည့် ဗုံးသီးများ ထုတ်လုပ်ခြင်းကိုလည်း စတင်ခဲ့ ကြောင်းနှင့် ၂၀၂၂ ခုနှစ် နှစ်ဦးပိုင်းတွင်မူ ၈၁ မမ လက်လုပ်ဗုံးများကို စတင်ထုတ် လုပ်နိုင်ခဲ့ကြောင်း D.M.O PDF ထံမှ သိရှိရသည်။

ထိုသို့ Drone ဖြင့် ချသည့် ဗုံးသီးများ ထုတ်လုပ်ရာတွင် နယ်မြေစစ်ရေး အခြေအနေအရ ရဲဘော်များ၏ လုံးခြုံရေးအရ အဆင်မပြေမှုများ များစွာ ရှိသည့်အတွက် ၄၀ မမ ဗုံးများ ဝယ်ယူ၍ ပြောင်းလဲ အသုံးပြု တိုက်ခိုက် ခဲ့ကြသော်လည်း ထိရောက်မှု ရာနှုန်းပြည့်မဖြစ်သည့်အတွက် ကိုယ်ပိုင် ထုတ် လုပ်နိုင်ရန် နည်းပညာများ လေ့လာစမ်းသပ်ထုတ်လုပ် ခဲ့ကြရာတွင် ထိခိုက် ဒဏ်ရာရရှိသည့် ရဲဘော်များ ၄ ဦး ရှိခဲ့ကြောင်း D.M.O PDF က ရန်ကုန် ခေတ် သစ် သတင်းဌာနသို့ ပြောကြားသည်။

D.M.O PDF အနေနဲ့ အရှုံးမပေးဘဲ Drone ဗုံးသီးများကို ကိုယ်ပိုင်ထုတ်နိုင်ရန် ကြိုးစားမှုမှာ ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် စတင်၍ အောင်မြင်စွာ ထုတ်လုပ်နိုင် ခဲ့ပြီး ကိုယ်ပိုင်ဗုံးသီးများကို မြေပြင်တွင် လက်တွေ့ အသုံးပြုရာတွင် ထိရောက် မှုမှာ ယခင်ဝယ်ယူသည့် ဗုံးသီးများနှင့် ယှဉ်လျှင် ပိုမိုထိရောက်ပြီး အသုံးပြု သည့် ရဲဘော်များ ပိုမိုဘေးကင်း၍ Mission ပိုင်းတွင် အောင်မြင်မှု ပိုမိုရရှိခဲ့ကာ ၂၀၂၂ ခုနှစ်နှစ်ကုန်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီက သတိထား စောင့် ကြည့် ရသည့် လုပ်ဆောင်ချက်များကိုပါ လုပ်ဆောင်နိုင်ခဲ့ကြောင်း D.M.O PDF ထံမှ သိရှိရသည်။

ကိုယ်ပိုင် Drone ဗုံးသီး ထုတ်လုပ်ရန် ကုန်ကျစရိတ်မှာ တစ်လုံးလျှင် ကျပ် တစ်သိန်းခန့် ကျသင့်ပြီး ဗုံးခွံ့ထုတ်ရန် လိုအပ်သည့် Printer ၂ လုံးရှိသော် လည်း အရေအတွက် ပိုမိုထုတ်လုပ်နိုင်ရန် အနည်းဆုံး ၂ လုံး (သိန်း ၁၀၀ ခန့်) ထပ်မံ လိုအပ်လျက်ရှိကြောင်း၊ ကုန်ကြမ်းများမှာ ပြည်ပမှာ မှာယူရာတွင် လမ်းခရီး အခက်အခဲများ၊ မြန်မာငွေတန်ဖိုးဖောင်းပွမှုများကြောင့် ငွေကြေး လဲလှယ်ရာတွင် အခက်အခဲများစွာ ရှိကြောင်း D.M.O PDF က ရန်ကုန် ခေတ်သစ်သို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article