တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်ဂျူးမြို့တွင် နှစ်သစ်ကူး နှစ်ဦးဆုတောင်းဆန္ဒပြပွဲပြုလုပ်
ရန်ကုန်၊ ဇန်နဝါရီ ၁
တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်ဂျူးမြို့တွင် နှစ်သစ်ကူး နှစ်ဦးဆုတောင်းဆန္ဒပြပွဲကို ယနေ့ ဇန်နဝါရီ ၁ ရက်နေ့တွင် ကျင်းပခဲ့ကြသည်။
ဆုတောင်းပွဲတွင်မြန်မာကျပ်သိန်း ၂၀ အလှူခံရရှိကာ ဒယ်ဂူးဘုန်းဘုန်းမှ မန္တလေးသံဃသမဂ္ဂကို ၁၀ သိန်းကျပ်၊
ပြည်ကြီးတံခွန် ဆန္ဒပြအဖွဲ့သို့ ၁၀ သိန်းထောက်ပို့လှူဒါန်းသွားမည်ဟု မိန့်ကြား၍ အခမ်းအနားကို အရေးတော်ပုံ သုံးခါခေါ်ဆိုကာ ရုပ်သိမ်းခဲ့သည်။