စစ်ကောင်စီကို ထိုးနှက်နိုင်သည့် အခြေအနေ ရောက်ရှိနေ ပြီဖြစ်ပြီး နယ်မြေ များသိမ်းပိုက်နိုင်ရန် ကြိုးပမ်းရမည်ဟု MDY PDF က တရားဝင်ထုတ်ပြန်
ရန်ကုန်၊ ဇန်နဝါရီ ၂
အကြမ်းဖက်စစ်ကောင်စီကို ထိုးနှက်နိုင်သည့် အခြေအနေ ရောက်ရှိနေ ပြီ ဖြစ် ကြောင်း MDY PDF က ဇန်နဝါရီလ ၁ ရက်နေ့ တရားဝင် သတင်းထုတ် ပြန် သည်။
MDY PDF မှ ကိုမုန်တိုင်းက နှစ်သစ်ကူးအဖြစ် ပြည်သူများသို့ နှုတ်ဆက် စ ကား ထုတ်ပြန်ထားစဉ် MDY PDF ၏ အခြေအနေသည် ရန်သူ စစ်တပ်ကို ထိုးနှက် နိုင်သည့် အခြေအနေမျိုးရောက်ရှိနေပြီဖြစ်ပြီး ပြည်သူများ၏ ကူညီမှု များကို ကျေးဇူးတင်ကြောင်း ပြောဆိုထားသည်။
“MDY_PDF ကို စတင်စုဖွဲ့တဲ့အခါမှာ စနစ်တကျစုဖွဲ့မှုဆိုတဲ့ ခေါင်းစဉ် အောက် မှာ COC (၂) ရပ် အသက်ဝင်ဖို့ ပြည်သူကို ကိုယ်စားပြုမယ့် လူသားဆန်တဲ့ တော်လှန်ရေးတပ်မတော် တစ်ခုကို တည်ဆောက်ခဲ့/တည်ဆောက်နေ တာဖြစ် တယ်။ တစ်နှစ်ကျော်ကာလ (၂)နှစ်ဝန်းကျင်အတွင်း အတိုင်းတာတစ်ခုအထိ လုပ်နိုင်ခဲ့တယ်လို့ ပြောလို့ရတယ်။(ကျေနပ် ရောင့်ရဲ တင့်တိမ်နေဖို့ ဆိုလိုချင် တာမဟုတ်)။ ဘာပဲဖြစ်ဖြစ် ခုလို ပီပြင်စွာ စုဖွဲ့လာနိုင်ပြီး တိုက်ပွဲတွေအတွင်း ရန်သူကို ထိုးနှက်လာနိုင်တဲ့ အခြေနေမျိုးထိ ရောက် ရှိလာတာဟာ ကျနော်တို့ တစ်ဦးချင်း ရဲဘော်တစ်ဦးချင်းရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ခင်ဗျားတို့ရဲ့ ပါဝင်လုပ် ဆောင် ပေးမှုတွေကြောင့် ဒီအခြေအနေထိ ရောက်ရှိလာတာဖြစ်တယ်။ (ပြည်သူ တွေ ရဲ့လှုဒါန်းမှူ/ချိတ်ဆက် ကူညီမှူတွေဟာလည်း မမေ့ရမယ့် အခန်းကဏ္ဍပါ)” ဟု ကိုမုန်တိုင်းက ရေးသားထားသည်။
အကြမ်းဖက် စစ်အာဏာရှင်ကို ၂၀၂၃ ခုနှစ်တွင် အားလုံး စည်းလုံးညီညွတ်စွာ ဖြင့် တိုက်ပွဲဝင်ကြရန် ကိုမုန်တိုင်းက တိုက်တွန်းထားသည်။
“ဒီ ၂၀၂၃ ဟာ ပြင်ရင်းလုပ်ပြီး အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲတွေကို ပုံဖော်ရ မယ့် ကာလတစ်ခုပါ။ အဆုံးဖြတ်ပေးမယ့် တိုက်ပွဲတွေ အောင်မြင်ဖို့ဆိုရင် တော်လှန် ရေး အင်အားစုတွေရဲ့တည်ဆောက်ထားတဲ့ လုပ်ငန်းစဉ်တွေ စနစ်တကျ လည်ပါတ်နိုင်ဖို့လိုအပ်ပါတယ်။ ၂၀၂၃ ဟာ ကျနော်တို့တွေ ဒီထက်ပိုပြီးစည်းလုံး ညီညွှတ်နေဖို့လိုပါမယ်။ တပ်ဖွဲ့တစ်ခု၊ အင်အားစုတစ်စုရဲ့ ပြိုကွဲစေတဲ့ အကြောင်းအခြင်းအရာတွေများစွာထဲက တစ်ခုဟာ စည်းလုံးမှုတွေ ယုံကြည်မှုတွေ ပျက်ပြားလာကြတဲ့အခါမှာ ပျက်စီးတတ်တဲ့သဘောပါ။ နောက် တစ်ခုက လက်နက်ကိုင် တော်လှန်ရေးလုပ်တာဖြစ်တဲ့အတွက် စစ်ပွဲတွေ ရှုံးနိမ့် ရင်လည်း ပြိုကွဲစေပါတယ်။ စစ်ပွဲတွေ အောင်မြင်နိုင်ဖို့ဆိုရင်လည်း စည်းလုံး ညီညွှတ်မှု၊ သွေးမကွဲမှုဆိုတဲ့ အရာတွေရှိမှ ကျနော်တို့တိုက်ပွဲတွေဟာ အောင် မြင်နိုင်မှာပါ။။ လိုတိုရှင်း ပြန်ချုပ်ရရင် ၂၀၂၃ ဟာ ကျနော်တို့ နိုင်မယ်ဆိုတဲ့ အဆုံးဖြတ်ပေါ်လွှင်မယ့်နှစ်ပါ။ လက်ရှိအခြေနေဟာ နိုင်ငံရေးအရရော၊ စစ်ရေးအရပါ အသာစီးရနေတဲ့ အခြေနေပါ။ NUG/MOD ရဲ့ စစ်ရေး နိုင်ငံရေး လက်ရှိအခြေနေဟာ အင်မတန်မှ နှစ်ထောင်းအားရဖွယ် အခြေနေပါ။ အဲ့တော့ ကျနော်တို့ MDY-PDF အနေနဲ့ စစ်ရေးရည်မှန်းချက်ဖြစ်တဲ့ အကြမ်းဖက် စစ် အုပ်စုကို အမြစ်ဖြတ် ခြေမှုန်းပြီး ဒင်းတို့ မတရားပြုကျင့် စိုးမိုးအုပ်ချုပ်ထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးစားကြရမယ်။ ပြည်သူများ ကောင်း ကောင်းမွန်မွန် အေးအေးချမ်းချမ်းနေထိုင်နိုင်တဲ့ ပြည်သူ့ ကိုယ်ပိုင် နယ်မြေများတည်ဆောက်နိုင်ဖို့အတွက် ကျနော်တို့ ဆက်လက် ရုန်းကြ ရမှာဖြစ်တယ်။ ယခု ရရှိနေတဲ့ အားသာချက်တွေ၊ အလားအလာ ကောင်းတွေ နဲ့တင် အားရကျေနပ်မနေပဲ နိုင်ငံအတွက် အဆုံးအဖြတ်နှစ်ဖြစ်အောင် စည်း စည်း လုံးလုံး ညီညီညွတ်ညွတ်ဆောင်ရွက်ကြရပါမယ်” ဟု ကိုမုန်တိုင်းက အသိပေး ရေးသားထားသည်။
ဓာတ်ပုံ- ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည့် လက်နက်အပြည့်အစုံဖြင့် MDY PDF တပ်ဖွဲ့ဝင်များ။