အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ပြီး ပျူစောထီးရွာ တောပုကိုလည်း တိုက်ခိုက်၊ ပေါင်းတည်တွင်လည်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပြီး စစ်သား ၂ ဦးဒဏ်ရာရ
ရန်ကုန်၊ ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံတပ်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ အနောက် မြောက်တိုင်း စစ်ဌာန ချုပ်( နမခ) တပ်အတွင်းသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိ ခိုက်သေဆုံး မှုရှိနိုင်ကြောင်း Fighter For People – FFP ထံမှ သိရသည်။
ယနေ့ ဇန်နဝါရီလ ၂ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က ၎င်းတပ်ဌာနချုပ် အတွင်းသို့ ၁၂၀ မမ ပြောင်း ၂ ပြောင်း ထိပ်ဖူးအကြီး ၆ ခုဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ် ပြီး ၅ လုံးမှာ အကြမ်းဖက်စစ်ကောင်စီတပ် ဌာနချုပ်အတွင်း ကျရောက်ပေါက် ကွဲကာ အော်ဟစ်ဆူညံသံများ၊ ရမ်းသမ်းပစ်ခတ်သံများ၊ ပြိုလဲ ပျက် စီးသံများ ကြားခဲ့ရကြောင်း Fighter For People – FFPမှ ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၄ တပ်ခွဲ ၄ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (FFP) မှ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ အဆောက်အအုံ ထိခိုက်ပျက်စီးမှုအခြေအနေ အတိအကျ မသိရသေးကြောင်း ဖော်ပြထားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာရှိ အကြမ်းဖက်စစ်ကောင်စီ တပ်သား၊ ပျူစောထီးများကို လက် နက်ကြီး အလုံး ၃၀ ကျော်အပြင် လက်နက် ငယ် များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံး များစွာရှိကြောင်း Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။
ယမန်နေ့ ည ဇန်နဝါရီလ ၁ ရက် ည ၉ နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ မှ လက်နက်ကြီး အလုံး ၃၀ ကျော်၊ လက်နက်ငယ်များအပါ အဝင် ပူပေါင်းစစ်ဆင်ရေးလုပ်ဆောင်ခဲ့ရာ အကြမ်းဖက်စစ် သား၊ ပျူစော ထီးများ အထိအခိုက်အကျအဆုံးများစွာရှိပြီး ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ ဝင်များ အထိအ ခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ထိခိုက်သေဆုံးမှုတော့ ရှိနိုင်ပါတယ်၊ သေတယ်လို့ တော့ သတင်း အတည် ပြုချက် မရသေးဘူး၊ စစ်ခွေး တွေဘက်က ပြန်ကို မပစ်နိုင်တာ၊ အနီးကပ်လဲ၊ ပစ်ခဲ့သေးတယ်။ ကျနော်တို့ တပ်ရင်း၊ တပ်ဖွဲ့ဝင်တွေ ထိုးစစ်ဆင်တိုက်နေလို့ အရေး ပေါ် လက်နက်ခဲယမ်းတွေလိုအပ်နေပါတယ်” ဟု Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၄ ၊ အထူးကွန်မန်ဒိုတပ်ဖွဲ့(Monywa The Boys) မုံရွာခရိုင် တပ်ရင်း – ၄ တပ်ခွဲ ၄ (5 Teachers People Defence Force PDF ၊ Monywa Fighter Group ၊ Spring Dove ၊ ဝရဇိန်လက်နက်ပြည် သူ့ ကာ ယ် ရေးတပ်ဖွဲ့(မုံရွာ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင်ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းကျေးရွာအုပ်စု၊ ကုန်းသာရွာ စစ်ဆေး ရေးဂိတ်နှင့် ဆည်မြောင်း ရုံးကြားတွင် ယနေ့ ဇန်နဝါရီလ ၂ ရက် နေ့လည်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ် သားနှစ်ဦးကို မိုင်းဆွဲ တိုက် ခိုက်ခဲ့ ရာ အပြင်းအထန်ဒဏ်ရာရရှိသွာပြီး သေဆုံးနိုင်ကြောင်း Bago Region PDF ထံမှ သိရသည်။
ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းကျေးရွာအုပ်စု၊ ကုန်းသာရွာအကြမ်းဖက်စစ် ကောင်စီ စစ်ဆေးရေးဂိတ် ကြီးမှ ဆည်းမြောင်းရုံးရှေ့စစ်ဆေးရေးဂိတ်သို့ လာ ရောက် စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းအကြမ်းဖက်စစ်သားနှစ်ဦးစလုံးမှာ မိုင်းထိမှန်ဒဏ်ရာလဲကျသွားကြောင်း သိရသည်။
“မိုင်းထိလဲကျတဲ့ ခွေးနှစ်ကောင်စီကို စစ်ခွေး ၂၅ ဦးလောက်ရောက်ပြီး ရမ်းပစ် တာတွေလုပ်တယ်၊ လဲကျတဲ့ စစ်ခွေးနှစ်ဦးကိုလည်း ကားနဲ့ ပေါက်တော ဝတပ် ထဲ ကို သယ်သွားတာ၊ သေမသေ အတည်ပြု လို့မရသေးဘူး။” ဟု Bago Region PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ ၊ တပ်ခွဲ ၅ (နွေဦးအဖွဲ့)မှ နန်းထိုက်အောင်စစ်ဆင် ရေးအဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ် ရေး တပ်ဖွဲ့ဝင်များ ဘေးအန္တရာယ်မရှိပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်မှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များ။
