27 C
Yangon

ကန့်ဘလူတွင် လက်ဖက်ရည်ထွက်သောက်သည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်

Must read

ကန့်ဘလူတွင် လက်ဖက်ရည်ထွက်သောက်သည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၃

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် လက်ဖက်ရည်ထွက်သောက်သည့် စစ်သားများကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၇ နာရီ ၅ မိနစ်တွင် ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ် ဘောလုံးကွင်း အရှေ့ဘက်တွင် လက်ဖက်ရည် သောက်ရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ်မှ စစ်ဗိုလ် ၁ ဦးအပါအဝင် တပ်သားနှင့် ပျူစောထီး ၈ ဦးကို ဒေါင်းရာဇာ အဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ဗိုလ် ၁ ဦးအပါအဝင် ၄ ဦး ထိခိုက် ဒဏ်ရာရတယ်လို့ သိရတယ်။ စစ်ဗိုလ် ၁ ဦးအပါအဝင် ၂ ဦးကတော့ ထိခိုက် ဒဏ်ရာ ပြင်းထန်တယ်သေဖို့များတယ်။ နောက်ထပ် ၂ ဦးလည်း ထိခိုက်ဒဏ်ရာရထားတယ်လို့ သိရတယ်” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article