စစ်ကိုင်းတိုင်းအတွင်း S&C အဖွဲ့က စစ်ရှောင် ကလေးငယ်များအတွက် စာသင်ကျောင်း ၆ ကျောင်းဖွင့်လှစ်မည်
ရန်ကုန်၊ ဇန်နဝါရီ ၅
စစ်ကိုင်းတိုင်းအတွင်း S&C မီးဘေး စစ်ဘေး ပညာရေး စောင့်ရှောက်မှုအဖွဲ့မှ စစ်ရှောင် ကလေးငယ်များအတွက် စာကျောင်း ၆ ကျောင်းဖွင့်လှစ်ရန် စီစဥ်ထားပြီး သင်ထောက်ကူ ပစ္စည်းများနှင့် လိုအပ်သည့် ကျောင်းသုံးပစ္စည်းတချ်ို့ မြေပြင်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
ထို့သို့ စာကျောင်းများ ဖွင့်လှစ်နိုင်သော်လည်း ကလေးငယ်များနှင့် ဆရာ၊ ဆရာမ များအတွက် အထွေထွေ ကုန်ကျစရိတ်များ လိုအပ်ချက်ရှိနေပြီး လှူဒါန်းလိုသော အလှူရှင်များ အနေဖြင့် S&C မီးဘေး စစ်ဘေး ပညာရေး စောင့်ရှောက်မှုအဖွဲ့ Facebook page ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။