အညာဒေသရှိ စစ်ဘေးသင့်ကလေးများအတွက် စာသင်ကျောင်း ဖွင့်လှစ်
ရန်ကုန်၊ ဇန်နဝါရီ ၆
အညာဒေသရှိ စစ်ဘေးသင့်ကလေးများ အတွက် စစ်ရှောင် စာသင်ကျောင်း ၆ ကျောင်းအနက် ဒုတိယမြောက် စာသင်ကျောင်းကို S&C မီးဘေး စစ်ဘေး ပညာရေးစောင့်ရှောက်မှုအဖွဲ့မှ ယနေ့ ဇန်နဝါရီ ၆ ရက်နေ့တွင် သွားရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
ကလေးငယ်များအတွက် သင်ထောက်ကူ ပစ္စည်းများနှင့် လိုအပ်သည့် ပစ္စည်းအချို့ကိုလည်း ပေးအပ် လှူဒါန်းခဲ့ကြောင်းနှင့် ကျန်ရှိနေသည့် စစ်ရှောင်ကျောင်း ၄ ကျောင်းကိုလည်း အမြန်ဆုံးဖွင့်နိုင်ရန် S&C အဖွဲ့မှ စီစဥ်မှုများရှိပြီး ပါ၀င်ကူညီရန် အလှူရှင်များ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။



