စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးရှောင် ကလေးငယ်များအတွက် S&C အဖွဲ့က ၄ ကျောင်းမြောက် စာသင်ကျောင်းဖွင့်လှစ်
ရန်ကုန်၊ ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင် ကလေးငယ်များအတွက် S&C မီးဘေး စစ်ဘေး ပညာရေးစောင့်ရှောက်မှု အဖွဲ့မှ ၄ ကျောင်းမြောက် စာသင်ကျောင်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
S&C မီးဘေး စစ်ဘေး ပညာရေးစောင့်ရှောက်မှု အဖွဲ့မှ စစ်ရှောင် စာသင်ကျောင်း ၆ ကျောင်းဖွင့်လှစ်မည်ဖြစ်ပြီး လက်ရှိချိန်တွင် စာသင်ကျောင်း ၄ ကျောင်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်ရှိနေသော စာသင်ကျောင်း ၂ ကျောင်းသည် ကျောင်းသားဦးရေ များပြားသောကြောင့် အလှူရှင်ပြည်သူများ၏ လှူဒါန်းမှုများ လိုအပ်လျက်ရှိကာ S&C မီးဘေး စစ်ဘေး ပညာရေးစောင့်ရှောက်မှု အဖွဲ့၏ Facebook page သို့ ဆက်သွယ်လှူတန်းနိုင်ကြောင်း သိရသည်။



